Monday, March 7, 2011

တွေးတွေးပြီးရယ်

တွေးတွေးပြီးရယ်


(၁)
နောက်ရည်းစားအသစ်နဲ့ ကြည်နူးနေတဲ့ကောင်မလေးကို ကောင်လေးက မကျေမနပ်ဖြစ်ပြီး လက်စားချေဖို့ ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့တစ်နေ့မှာ ကောင်လေးက ပုလင်းတစ်လုံးကိုင်ပြီး "မင်းနောက်ထပ် သစ္စာမဖောက်ရဲအောင် မင်းကိုငါ ရုပ်ပျက်ဆင်းပျက်လုပ်ပစ်မယ်"လို့ ဆိုပြီး ကောင်မလေးကို ပုလင်းထဲကအရည်နဲ့ ပက်ထည့်လိုက်တယ်။ အရည်ကြောင့် ကောင်မလေးမျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို ကြည့်ပြီး လူတွေထွက်ပြေးကြတယ်။

ကိုယ့်ရုပ်ပျက်စီးသွားပြီဆိုပြီး ကောင်မလေး အရမ်းလန့်မိတယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ မျက်နှာက စပ်ဖျင်းဖျင်းမဖြစ်တဲ့အပြင် နာလည်းမနာတော့ ကောင်လေးကို "နင် ငါ့ကို ဘာအရည်နဲ့ ပက်လိုက်တာလဲ" လို့မေးတယ်။

ကောင်လေးဖြေလိုက်တာက "မိတ်ကပ်ဖျက်ရည်ပါ" တဲ့....။

(၂)
တစ်ခါက သမ္မတနှစ်ဦး သူ့သက်တော်စောင့်က ပိုသစ္စာရှိတယ်။ ငါ့သက်တော်စောင့်က ပိုသစ္စာရှိတယ်ဆိုပြီး ပြိုင်နေကြတယ်။

အဲလိုနဲ့ ပထမသမ္မတက သူ့သက်တော်စောင့်ကို (၁ဝ)ထပ်တိုက်က ခုန်ချဖို့ အမိန့်ပေးတယ်။ အဲဒီမှာ သက်တော်စောင့်က ဒူးထောက်ပြီး "ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်" လို့ဆိုတယ်။

နောက်သမ္မတကလည်း သူ့သက်တော်စောင့်ကို ခုန်ချဖို့ အမိန့်ပေးတော့ သက်တော်စောင့်က ချက်ချင်းခုန်ချဖို့ပြင်တယ်။ ပထမသမ္မတကလန့်ပြီး တကယ်ခုန်ချမယ့် သက်တော်စောင့်ကို အမြန်ဖမ်းဆွဲလိုက်တယ်။ အဲဒီမှာ သက်တော်စောင့်က ပြောပါတယ်။

"ကျွန်တော့်ကို ဆွဲမထားနဲ့ ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်"လို့....


(၃)
မန်နေဂျာ အလုပ်ကိုရောက်လာတာနဲ့ စာရေးကြီးမိန်းမက မိန်းမဝတ်အတွင်းခံတစ်ထည် ကိုင်ပြီး ဝင်လာတယ်။ ပြီးတော့ မန်နေဂျာကို "ညက ကျွန်မယောက်ျားပြန်လာတော့ မိန်းမဝတ်အတွင်းခံတစ်ထည် ဝတ်ပြန်လာတယ်။ အဲဒါ သူ့ကိုနည်းနည်းပါးပါး ဆုံးမပေးပါဦး" လို့တိုင်တယ်။ မန်နေဂျာကလည်း ဆုံးမပေးမယ်လို့ဆိုပြီး သက်သေခံပစ္စည်း အတွင်းခံကိုယူပြီး အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်တယ်။

ညရောက်တော့ မန်နေဂျာမိန်းမက အဝတ်လျှော်ရင်း အိတ်ကပ်ထဲက အတွင်းခံကိုတွေ့တော့ လှမ်းအော်တယ်။ "မောင် နောက်ဆို ဒီလိုမနောက်ရဘူးနော်.. မရဲ့အတွင်းခံကို ဒီလိုဖွက်မထားရဘူးနော်" တဲ့။

ဟာသလေးတွေ တင်ပေးပါဦးဆိုလို့ပါ... ဘာသာပြန် မျှဝေပါတယ်။

နိုင်းနိုင်းစနေ

Time To Love T ara . Superaova


Saturday, February 12, 2011

ကိုယ်တိုင် Window တင်ပါ

ကိုယ်တိုင် Window တင်ပါ

ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကဲ ပြောနေကြာတယ်။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။
မူရင်းပို့စ်ကိုသွားရင်http://mgsaytanar.blogspot.com/

Auburn: La, La, La (Featuring Iyaz) Official Video


All about him


Katy Perry - Firework


Hot N Cold by Katy Perry

:)

သိထားသင့်သောဗုဒ္ဓဘာသာနှင့်ဆိုင်သမျှ

စွဲမြဲမှတ်သားထား၍ ဝေးစွာရှောင်ကြဉ် အပ်သည့်
ဒုစရိုက်ဆယ်ပါး၊ မြန်မာပြည်မှာလူဖြင့်ရတာ မြင့်မြတ်လွန်းပါတယ်၊ သမ္ဗုဒ္ဓေ
ဂါထာတော် ရွှတ်ဆိုခြင်းအကျိုးကျေးဇူးများ၊
မိရိုးဖလာဗုဒ္ဓဘာသာတွေများလာရင်.
.၊ အမေးအဖြေ အကျိုးပေးကွာခြားပုံ၊
အမေးအဖြေ သေပြီးလျှင် ဘာဖြစ်မလဲ
To:

  1. စွဲမြဲမှတ်သားထား၍ ဝေးစွာရှောင်ကြဉ် အပ်သည့် ဒုစရိုက်ဆယ်ပါး၊
  2.  မြန်မာပြည်မှာလူဖြင့်ရတာ မြင့်မြတ်လွန်းပါတယ်၊
  3. သမ္ဗုဒ္ဓေ ဂါထာတော် ရွှတ်ဆိုခြင်းအကျိုးကျေးဇူးများ၊
  4. မိရိုးဖလာဗုဒ္ဓဘာသာတွေများလာရင်..၊
  5.  အမေးအဖြေ အကျိုးပေးကွာခြားပုံ၊
  6. အမေးအဖြေ သေပြီးလျှင် ဘာဖြစ်မလဲ၊
  7. အမေးအဖြေ သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော်၊
  8. ဘုရားမကွယ်ပါစေနဲ့.....၊
  9. အမေးအဖြေ အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးယောက်၊
  10. ကံပြုတဲ့နေရာက စေတနာ၊
  11. အိန္ဒိယနိုင်ငံမှ ရှေးဟောင်းဘုရားများ (ဓာတ်ပုံ)


စွဲမြဲမှတ်သားထား၍ ဝေးစွာရှောင်ကြဉ် အပ်သည့် ဒုစရိုက်ဆယ်ပါး
 <http://mmdailynews.com/news_images/buddha2.jpeg>
ဗုဒ္ဓတားမြစ်တော်မူခဲ့တဲ့ ဆိုးညစ်မှု အကုသိုလ်တရား ဒုစရိုက် ဆယ်ပါးကို
မှတ်မိလွယ်အောင် ကဗျာလေးနဲ့ တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်ငယ်ငယ်က
မှတ်သားဖူးခဲ့တာလေး ဖြစ်ပါတယ်။ မကောင်းမှုတွေ ဆိုတာဟာ သိထားပေမယ့်
လုပ်မိတတ်လို့ ကျွန်တော်တို့ အထူးသတိပြုကြရပါမယ်။ ချိုသော အသီးရဲ့ အစေ့ကို
စိုက်မှ ချိုသောအသီးကို ရတယ်ဆိုတဲ့ ကံ ကံ၏အကျိုးကို *mmDailyNews *ပရိသတ်များ
သိပြီးသား ဖြစ်မှာပါ။
*
ကာယကံ ၃ ပါး*
(၁) ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း

(၂) အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးခြင်း

(၃) ကာမေသုမိစ္ဆာစာရ = သူတစ်ပါး သားမယား သမီးပျိုကို ပြစ်မှားကျူးလွန်ခြင်း
(မိန်းမက သဘောတူသည့် တိုင်အောင် ကျူးလွန်သောယောက်ျားသည် ကာမေသုမိစ္ဆာစာရကံ
ထိုက်ပါသည်)

*၀စီကံ ၄ ပါး*
(၄) မုသာဝါဒ = မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်း

(၅) ပိသုဏ၀ါစာ = ကုန်းချောခြင်း

(၆) ဖရုသ၀ါစာ = ရုန့်ရင်းကြမ်းတမ်းသော စကားဆိုခြင်း

(၇) သမ္ဖပ္ပလာပ၀ါစာ = သိမ်ဖျင်း အကျိုးမဲ့သော စကားဆိုခြင်း

*မနောကံ ၃ ပါး*
(၈) အဘိဇ္ဈာ = သူ့တစ်ပါးဥစ္စာကို ကိုယ့်ပိုင်ဖြစ်စေလိုသော မတော်ဆန္ဒ ထားခြင်း
(ထိုသူကဲ့သို့သော စည်းစိမ်မျိုး မိမိလည်း လိုချင်သည်ဟု စိတ်ညွှတ်လျင် အဘိဇ္ဈာ
အကုသိုလ် မထိုက်)

(၉) ဗျာပါဒ = သူတစ်ပါးကို သေကြေပျက်စီးပါစေဟု စိတ်စေတနာ ပြုခြင်း

(၁၀) မိစ္ဆာဒိဌိ = လွဲမှားသော အယူရှိခြင်း

*ဆယ်ခုစလုံး စွဲမြဲမှတ်မိစေရန် ကဗျာနှင့် တွဲ၍ တင်ပြအပ်ပါသည်။*
မြန်မာပြည်မှာလူဖြင့်ရတာ မြင့်မြတ်လွန်းပါတယ်
မြန်မာပြည်မှာ လူဖြင့်ရတာ မြင့်မြတ်လွန်းပါတယ်လို့…ကျွန်တော်ဘာကြောင့်
ရေးရတာလဲဆိုတာ ဒီစာကိုသေသေချာချာ ဖတ်ကြည့်ရင် သိရှိနားလည်မယ်လို့
ယုံကြည်ပါတယ်။နိုင်ငံခြားလောကကို အထင်ကြီးပြီး ငွေရှာရန်ပြည်ပသို့
ထွက်ခွါလာသူတွေအထဲမှာကျွန်တော်
တစ်ယောက်အပါအ၀င်ပါပဲ…မလေးရှားနိုင်ငံကိုစရောက်ရောက်ခြင်း မလေးရှားရဲ့
တိုးတက်မှု့နှင့်အတူ ဒုက္ခတွေကြုံတွေ့ခဲ့ရပါတယ် တိုးတက်မှု့ဆိုတာ
မိမိတိုင်းပြည်ထက် လမ်း-တံတား-အဆောက်အဦး-စီးပွါးရေး တိုးတက်မှု့တွေပါပဲ
ဘယ်လောက်ပဲ တိုးတက်တိုးတက် လူတိုင်းလိုလို ကိုယ်ပိုင်ကားစီးနိုင်ပေမဲ့ လူနေမှု့
အဆင့်အတန်းကတော့ နိမ့်ကျလွန်းပါတယ် ဘာကြောင့်လဲဆိုတော့ လူမှု့ရေးမရှိဘူး
လုယက်မှု့ကဘယ်လပွ မိဘကိုမိဘမှန်းမသိ အစရှိသဖြင့် အကျင့်စရိုက်ပျက်ပြားမှု့
တွေနဲ့ပြည့်ဝနေလို့ တိုင်းပြည်ဟာဘယ်လောက် တိုးတက်တိုးတက်
အဆင့်အတန်းနိမ့်နေရတာပဲ ။ မလေးရှားလောက် ကျွန်တော်တို့တိုင်းပြည် မတိုးတက်ပေမဲ့
လူနေမှု့အဆင့်အတန်းမြင့်ပါတယ် ။ မလေးရှားကိုလာရာက် အလုပ်လုပ်ကိုင်ခွင့်
ခွင့်ပြုပေးခဲ့လို့ မလေးရှားအစိုးရနှင့် မြန်မာအစိုးရကို အထူးပဲ
ကျေးဇူးတင်ပါတယ် ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့
မမြင်ဘူး-မတွေ့ဘူး-မသိ-မကြားဘူးတာတွေ အားလုံးကို(
သိ-မြင်-တွေ့-ကြား)ဗဟုသုတများစွာနှင့် ဘ၀သင်ခန်းစာများစွာ ရရှိခဲ့လို့ပါပဲ။
သို့သော်လည်း ကျွန်တော်တို့တတွေဟာ မလေးရှားရဲ့ကြေးကျွန် တွေပါပဲ
ဘာကြောင့်လဲဆိုတော့ လုပ်ငန်းရှင်တွေက ပေးတာယူ ခိုင်းတာလုပ် ပြန်မပြောနဲ့
ကြေးကျွန်တွေလို သဘောထားခဲ့လို့ပါပဲ။ ဘယ်လိုဒုက္ခတွေကြုံတွေခဲ့ရသလဲဆိုရင် နေရေး
စားရေး သွားလာရေး အထွေထွေပဲပေါ့။ အိမ်ခန်းတစ်ခန်းကို [13-15]ယောက်ထားတယ်
အိပ်ခန်းမရှိ hall ခန်းပေါ့ တမင်းပေါင်းအိုးတစ်လုံး gas မီးဖိုတစ်ခု
အိပ်ယာခင်းတစ်ခုပေးပါတယ် အိမ်နဲ့အလုပ် [45]မိနစ်လမ်းလျှောက်
အသွားအပြန်[1:30]ပေါ့ မိမိလုပ်ခရမှ လိုအပ်တာအကုန်ဝယ်ရတယ် ကျွန်တော်တို့မြန်မာ
အေးဂျင်းပြောတာနဲ့တခြားဆီပါပဲ။ ဘယ်လိုပဲဒုက္ခတွေရာက်ရာက် လကုန်အချိန်မှန်
အိမ်ကိုငွေပို့နိုင်ရေးအတွက် သီးခံစိတ်ထားကာ အလုပ်ကြိုးစားရတဲ့ နိုင်ငံခြားသား
အလုပ်သမားများရဲ့ဘ၀ပါပဲ။ မလေးရှားမှာ လူမျိုးကြီး(၃)မျိုးနေထိုင်ကြပါတယ်
မလေး-တရုတ်-အိန္ဒိယ ၊မလေးကဆေး-ငပျင်း-လူအေး-လုယက်အနည်းအငယ်ရှိ
၊တရုတ်ကစီးပွားရေးသမား
၊အိန္ဒိယကဆေး-ငပျင်း-သူခိုးတေလဂျပိုး-လုယက်အများဆုံးပါပဲ။ကိုးကွယ်သည့်ဘာသာက
ဗုဒ္မ-ခရစ်ရှန်-ဟိန္နူ အနည်းငယ်ရှိပါတယ် အများဆုံးကတော့ အစ္စလမ်ပါပဲ ၊
ကိုးကွယ်သည့်ဘာသာအသီးသီးရှိသော်လည်း သား-သမီး များကတိုက်နဲ့ ကားနဲ့ မိဘတွေက
လမ်းဘေးအမှိုက်ပုံမှာ ရောင်းလို့ရတာတွေကောက် ရောင်းပြီးထ္မင်းစားရတယ်
၊တချို့ကစက်ရုံ-စားသောက်ဆိုင် တွေမှာလုပ်စားပါတယ် အများသောအားဖြင့်
အိုမင်းလာတဲ့မိဘတွေကို သားသမီး-မြေးတွေကပြန်မကြည့်ကြဘူး သေမှငိုတာကိုတွေ့ရတယ်။
ကျွန်တော်တို့စက်ရုံမှာရှိတဲ့အဖွားကြီးတွေကိုမေးကြည့်လိုက်တော့ ငါတို့သားသ္မီး
ဘ၀တုန်းကလဲ ငါတို့အဖေအမေတွေကို ပြန်မကြည့်ခဲ့လို့ ငါတို့ကိုလဲ
ငါတို့သားသ္မီးတွေပြန်မကြည့်တာ ဒါကြောင့်ငါတို့သေတဲ့
နေ့ဟာငါတို့အလုပ်မလုပ်တဲ့နေ့ပါပဲ၊ အဖွားကြီးပြောတဲ့စကားတွေကြားရတော့
ကျွန်တော့်ရင်ထဲစိတ်မကောင်း- သနားမိခဲ့ပါတယ် မင်းတို့ကောပိုက်ဆံတွေ
ဘယ်သူ့ဆီပို့တာလဲလို့မေးပါတယ် ကျွန်တော်ပြန်ဖြေလိုက်တယ် မိဘရှိသူကမိဘ
မိန်းမရှိသူက မိဘနှင့်မိန်းဆီခွဲပြီးပို့ကြတယ် အသက်အရွယ်ရလာတဲ့
မိဘတွေကိုဘာအလုပ်မှ ပေးမလုပ်တော့ပဲ ဘုရားသွားကျေင်းတက်ပဲပေးလုပ်တယ်
အဲဒါဆိုမင်းမိဘတွေဘာနဲ့စားသလဲလို့ မေးပါတယ် ငါတို့သားသ္မီးတွေက ပေးတယ် ကြွေးတယ်
ကျွန်တော်ဖြေလိုက်တော့ အရမ်းအံ့သြသွားတယ် ကောင်းတယ် ကောင်းတယ်လို့
ဂေါင်းလေးညိမ့်ကာ အပြုံးပီတိများစွာပြန်ပြောလေတော့သည်။ အဲဒါကျွန်တော်တို့
မြန်မာပြည်နဲ့ ကွာဟခြားနားခြင်းပါပဲ၊ဘာကြောင့်ဆိုတော့ ကျွန်တော်တို့မြန်မာပြည်
မှာနေထိုင်ကြသော လူမျိုးပေါင်းစုံ-ဘာသာပေါင်းစုံတို့သည်
ဗုဒ္မ၏အရိပ်-တရားတော်များနှင့်အတူ နေထိုင်ကြီး ပြင်းလာသောကြောင့်
ဘာသာရေး-လူမှု့ရေး-ကျေးဇူးတရားသိနားလည်ကြတယ် မိဘကျေးဇူးကို အပြည့်အဝ
စပ်ခွင့်ရကြတယ် ဒါကြောင့် တိုင်းပြည်ဘယ်လောက်ပဲတိုးတက်ကြီးပွားနေပါစေ လူမှု့ရေး
- ကျေးဇူးတရား -
မိဘကျေးဇူးစပ်ခွင့် - မရှိ - မသိ - နားမလည်တဲ့ တိုင်ပြည်မှာ လူဖြင့်မဲ့အစား
ကျွှန်တော်တို့ တိုင်းပြည်မှာ လူဖြင့်
ရတာမြင့်မြတ်လွန်း ပါတယ်လို့ ယခုလိုရေးတား တင်ပြရခြင်းဖြစ်ပါတယ် ။
**မွေးဖွားခြင်း၏ နိဒါန်း မှ သေဆုံး၏ နိဂုံးသို့**…
**ဘယ်အရာမှ တည်မြဲခြင်းဟူ၍ မရှိပါ**…
**ဘယ်အရာမှ ကိုယ်မပိုင်ပါ**…
 **ဆင်းရဲ ချမ်းသာခြင်းဆိုတာ ကံကံ၏ အကြောင်းတရားပါ**… သို့သော်လဲ
…ကံကိုယုံ၍ဆူးပုံမနင်းပါနဲ့ ။ **ကောင်းတာလုပ်ရင် ကောင်းတာလာမယ်
…မကောင်းတာလုပ်ရင် မကောင်းတာလာမယ်**… ***လူလောကထဲ ရောက်လာသူတိုင်း လူ ဟု
မသတ်မှတ်ပါနဲ့ …လူကျင့်ဝတ် - လူပီသအောင် နေမှ လူဟုသတ်မှတ်ပါ ***….
***လူ့လောကထဲ ရောက်လာသူတိုင်း လူ ဟု သတ်မှတ်နိုင်ကြပါစေ***… ****လူ သားအားလုံး
ဗုဒ္မ ၏တရားတော်များကို နားကြားကြရ၍ မိဘကျေးဇူးကို အပြည့်အ၀စပ်ခွင့် ရကြပါစေလို့
ဆုမွန်ကောင်း တောင်းဆုပြုရင်း ****…….
သမ္ဗုဒ္ဓေ ဂါထာတော် ရွှတ်ဆိုခြင်းအကျိုးကျေးဇူးများ
*သမ္ဗုဒ္ဓေ ဂါထာတော် ဖြစ်စဉ်*


သမ္ဗုဒ္ဓေ ဂါထာတော်ကို မည်သည့်ခေတ် မည်သည့်အချိန်က စတင် ပေါ်ပေါက်လာကြောင်း
ပညာရှင်များ အတိအကျ ဆုံးဖြတ်ချက်မရှိချေ။ ယင်းဂါထာတော်ကို
မည်သူရေးခဲ့ကြောင်းလည်း ယခုထိ မသိရသေးချေ။ သို့ရာတွင် ယင်းသမ္ဗုဒ္ဓေဂါထာပါဠိသည်
သဒ္ဒါရေး အားဖြင့်လည်း အနေအထား ကောင်းမွန်ခြင်း၊ ဖွဲ့နွဲ့သီကုံးမူလည်း
ချောပြေခြင်း စသောအချက်များကို အခြေခံကာ ပညာရှင်များက အဆိုပါ သမ္ဗုဒ္ဓေဂါထာကို
လေးစားစွာ လက်ခံခဲ့ကြပေသည်။ ယင်းသို့ ပညာရှင် အဆက်ဆက်တို့ လက်ခံ
ရွတ်ဆိုခဲ့ကြရာမှ ဗုဒ္ဓဘာသာဝင် အများစု နူတ်ဖျားသို့ ရောက်ရှိကာ ကျယ်ပြည့်စွာ
ရွတ်ဆိုခဲ့ကြခြင်း ဖြစ်ပါသည်။


*သမ္ဗုဒ္ဓေဂါထာပါဠိ*


သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊

ပဉ္စဿတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊

တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။

နမာကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ၊

အနေကာ အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။


သမ္ဗုဒ္ဓေဂါထာတော် ရွတ်ဆိုခြင်း၏အကျိုး


မြတ်လှစိန္တေ၊ သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား၊ နိဒါန်းအားဖြင့်၊ ကွမ်းစားသတ္တော်၊
ခေါ်လျှင်ဒသ၊ သတ္တတြိန်း၊ ဆီလိမ်းပဉ္စ၊ စီးထလှေမှာ၊ ရှစ်ကြိမ်သာတည်း၊
နံ့သာပန်းမျိုး၊ ကိုးကြိမ်နိုးလော့၊ ချုပ်မိုးညဥ့်ခါ၊ အိပ်ရာဝင်မူ၊
ကိုးကြိမ်ဟူ၍၊ ရန်သူတွေမြောက်၊ ဆယ့်တစ်ခေါက်တည့်၊ စစ်ရောက်သောခါ၊
ရွတ်ပါကိုးကြိမ်၊ တည်ငြိမ်သန္ဓေ၊ မဖွားနေမူ၊ ရေမှာကိုးခေါက်၊ မန်း၍ သောက်က၊
ဖွားမြောက်ခဏ၊ ချမ်းသာရ၏၊ ခေတ္တနှောင်သွင်း၊ သံခြေကျင်းနှင့်၊
အပြင်းတိုက်လှောင်၊ တစ်ထောင်ရွတ်လေ၊ လွတ်ထွက်ပေ၏။ ပန်းမွေးချေက၊
ရွတ်လေနှစ်ခေါက်၊ ခရီးရှောက်ရာ၊ ခေါင်းမှာ တင်စိုက်၊ ရန်ဘေး နိုက်လည်း၊
မကြိုက်ကင်းပ၊ မြူမျှမလိမ်း၊ ကင်းလွတ်ငြိမ်း၏၊ ရှောင်တမိမ်းရောဂါ၊
ဗျာပါလည်းကင်း၊ သောကရှင်း၍၊ မင်းမင်းတကာ၊ ကြည်စွာမြတ်နိုး၊ ရေဖြည့်အိုးသို့၊
မညှိုးပန်းသွင်၊ နေ့တိုင်းပင်တည်း၊ ထွက်ဝင်ရဲရဲ၊ လူခပဲတို့၊ အံ့အဲ့စလောက်၊
ထွန်းတောက်ပ၀င်း၊ ပွင့်လင်းသာသနာ၊ ပွားကြောင်းရှာ၍၊ စန္ဒာလမင်း၊
ကောင်းကင်ချဉ်းသို့၊ ကောင်းခြင်း သမ္ဗုဒ္ဓေ၏အကျိုးတည်း။


လင်္ကာ၏ အဓိပ္ပာယ်


၁။ ကွမ်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၇)ခေါက်ရွတ်ဖတ်ပါ။


၂။ ထမင်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၃)ခေါက်ရွတ်ဖတ်ပါ။


၃။ ခေါင်းလျှော်လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၀)ခေါက်ရွတ်ဖတ်ပါ။


၎။ ဆီလိမ်းလျှင် သမ္ဗုဒ္ဓေဂါထာကို (၅)ခေါက်ရွတ်ဖတ်ပါ။


၅။ လှေစီးလျှင် သမ္ဗုဒ္ဓေဂါထာကို (၈)ခေါက်ရွတ်ဖတ်ပါ။


၆။ နံ့သာလိမ်းခြင်း-ပန်းပန်ခြင်း၌ သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။


၇။ အိပ်ရာဝင်လျှင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။


၈။ ရန်သူနှင့် တွေ့လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၁)ခေါက်ရွတ်ဖတ်ပါ။


၉။ စစ်ထိုးစစ်ဆင်ပြုရာတွင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။


၁၀။ မီးမဖွားနိုင်လျှင် ဤသမ္ဗုဒ္ဓေဂါထာကို ရေ၌ (၉)ခေါက်ရွတ၍တိုက်ပါ။


၁၁။ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရလျှင် သမ္ဗုဒ္ဓေဂါထာတော်ကို အခေါက်ပေါင်း (၁၀၀၀)
တစ်ထောင်ရွတ်ဖတ်ပါ။


၁၂။ ခရီးသွားလျှင် ပန်းကို သမ္ဗုဒ္ဓေဂါထာဖြင့် အရံအတား ပြုသွားပါက ရန်ဘေး
ကင်းသည်။ ရောဂါနှိပ်စက်မူမှလည်း ကင်းဝေးရသည်။ စိုးရိမ်သောက ဗျာပါရမူတို့မှလည်း
ကင်းဝေးရသည်။


သမ္ဗုဒ္ဓေဂါထာတော် ရွတ်ဖတ်ရခြင်း၏အကျိုး


ဤဂါထာတော်ကို နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်ပါလျှင် မိမိဘ၀၌ ရေပြည့်အိုးပမာ
တိုးတက်လျက်သာ ရှိနေမည်။ မညိုးသော ပန်းကဲ့သို့လည်း ရှိမည်။ ကောင်းကင်မှ
လမင်းကြီး တင့်တယ်မူကဲ့သို့ တင့်တယ်မူမျိုးကိုလည်း ရမည်။


ဖော်ပြပါ အချက်တို့မှာ လင်္ကာ၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ လက်တွေ့ မျက်မြင်သာဓကများကို
အခြေခံကာ ရှေးပညာရှင်ကြီးများ စီရင်ထားခဲ့သော လင်္ကာဖြစ်ရာ ယင်းလင်္ကာ၌ပါသည့်
အကျိုးတရားများ ရရှိအောင် ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် သမ္ဗုဒ္ဓေဂါထာကို
ရွတ်ဖတ်ကြပါရန် ဖြစ်ပါသတည်း။


*မိရိုးဖလာဗုဒ္ဓဘာသာတွေများလာရင်..*

*
*
အထက်ပါခေါင်းစဉ်လေးဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း
အမြဲတမ်းတွေးကြည့်သင့်တဲ့ အကြောင်းအရာလေးပါ။ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ
များလာတာနဲ့အမျှ အနာဂတ်သာသနာရေးဟာလည်း ရင်လေးစရာပါ။ ယခုခေတ်မှာ ဘာသာရေးကို
စိတ်ပါဝင်စား လုပ်ဆောင်တဲ့လူငယ်တွေ အင်မတန် နည်းကြပါတယ်။ ဒါဟာဘာလို့လည်းဆိုတော့
မိရိုးဖလာဗုဒ္ဓဘာသာတွေ များသထက်များလာတဲ့ အကြောင်းအရင်းကြောင့်ပါပဲ။
ဘုရားရှင်ရဲ့ အဆုံးအမတွေကို ထဲထဲဝင်ဝင် မလေ့လာ မသုံးသပ်.. ကိုယ်နဲ့မဆိုင်သလို
နေတာဟာ တကယ်တော့ လူငယ်တွေရဲ့ အနာဂတ်ဟာ ဆိုးသထက်ဆိုးဖို့ သေချာနေပါတယ်။
မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ များလာတယ်ဆိုတာကို ပေါ့ပေါ့လေး မထင်ပါနဲ့။ အင်မတန်
ကြောက်ဖို့ ကောင်းပါတယ်။ ဘာသာရေးအသိစိတ်မရှိတဲ့ လူငယ်တစ်ယောက်ဟာ ဘုရား၊ တရား၊
သံဃာဆိုတာ ဘာမှမသိသလို မိဘနဲ့ ဆရာဆိုတာလည်း အလကားထင်မှတ်သွားမှာပါ။ သီလ၊ သမာဓိ၊
ပညာဆိုတဲ့ ဓမ္မတွေနဲ့ကတော့ ဝေးသထက် ဝေးပြီးပေါ့။ ဓမ္မနဲ့ဝေးလေလေ အဓမ္မဘက်
ရောက်လေလေပါပဲ။ အဓမ္မဆိုတာ တကယ်တော့ ဘုရားအဆုံးအမနဲ့ ဆန့်ကျင်တဲ့ အလုပ်တွေကို
လုပ်နေတာကို ပြောလိုတာပါ။ ဒီတော့.. ဗုဒ္ဓဘာသာတွေဖြစ်နေပြီး အဓမ္မတွေ လုပ်နေတာဟာ
ဘယ်လိုဗုဒ္ဓဘာသာတွေလဲ?

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာငါးမျိုးရှိတယ်ဆိုတာ ဗုဒ္ဓရဲ့အဆုံးအမတွေကို
လေ့လာ လိုက်စားနေတဲ့သူတွေ အနည်းနဲ့အများတော့ သိကြမှာပါ။ ဗုဒ္ဓဘာသာဝင်ငါးမျိုးမှာ
(၁) ကုလဗုဒ္ဓဘာသာ- မိရိုးဖလာအရကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၂) လာဘဗုဒ္ဓဘာသာ-
လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသ (၃) ဘယဗုဒ္ဓဘာသာ- ဘေးကိုကြောက်လို့
ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ- ဘုရား၊ တရား၊ သံဃာကို တကယ်သက်ဝင်
ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၅) ပညာဓိက ဗုဒ္ဓဘာသာ- သစ္စာလေးပါးကို အသေအချာ
ပညာနဲ့သိမြင်တဲ့ ဗုဒ္ဓဘာသာ ဆိုပြီး ငါးမျိုးရှိပါတယ်။ ကုလ၊ ဘယ၊ လာဘဆိုတဲ့
ဗုဒ္ဓဘာသာတွေကိုတော့ အောက်တန်းစား ဗုဒ္ဓဘာသာတွေအဖြစ် သတ်မှတ်ထားပြီး..
သဒ္ဓါနဲ့ပညာပါရှိတဲ့ ဗုဒ္ဓဘာသာတွေကိုတော့ အထက်တန်းစား ဗုဒ္ဓဘာသာအဖြစ်
သတ်မှတ်ထားပါတယ်။ အောက်တန်းစားဗုဒ္ဓဘာသာတွေကိုတော့ ဘုရားရှင်ရဲ့အဆုံးအမနဲ့
ဆန့်ကျင့်လုပ်ဆောင်နေကြတဲ့ အဓမ္မဗုဒ္ဓဘာသာတွေလို့ ပြောလို့ရပါတယ်။

မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ များလာတာဟာ သာသနာကွယ်ကြောင်းတစ်ခုပါပဲ။ ဘုရား၊ တရား၊
သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးအပေါ်မှာ တကယ်သက်ဝင်ယုံကြည် ကိုးကွယ်တတ်တဲ့ သဒ္ဓါတရား
မရှိဘူးဆိုရင် သာသနာတော်ကို ထောက်ပံ့ဆည်းကပ် ကြည်ညိုတတ်မှာ မဟုတ်ပါဘူး။
သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဘုရားရှင်ရဲ့
တပည့်သားသံဃာတော်တွေပဲရှိပြီး ထောက်ပံ့ကြည်ညိုတတ်တဲ့ လူပုဂ္ဂိုလ်တွေ
မရှိဘူးဆိုရင် အနာဂတ်သာသနာဟာ အနှေးနဲ့အမြန် ကွယ်ပျောက်မယ်ဆိုတာ မလွဲပါဘူး။
ဒါ့ကြောင့်မလို့လည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ များလာတာဟာ
သာသနာကွယ်ကြောင်းတစ်ခုလို့
ပြောရတာပါ။ ဒီတော့ မိရိုးဖလာကနေ အထက်တန်းစားဗုဒ္ဓဘာသာတွေအဖြစ် တက်လှမ်းဖို့
လိုအပ်ပြီပေါ့။ မိရိုးဖလာဗုဒ္ဓဘာသာကနေ အထက်တန်းစားဗုဒ္ဓဘာသာအဖြစ်
တက်လှမ်းဖို့ဆိုရင် မိရိုးဖလာဗုဒ္ဓဘာသာ အကြောင်း အရင်ဆုံး သိသင့်ပါတယ်။

မိရိုးဖလာဗုဒ္ဓဘာသာဆိုတာ မိဘတွေက အစဉ်အလာအရ ကိုးကွယ်လို့သာ ကိုးကွယ်လိုက်ရတယ်..
ဘုရား၊ တရား၊ သံဃာအကြောင်းကို တစ်လုံးမှမသိပါဘူး။ တရားစာပေမဖတ်၊ တရားမနာ..
နောက်ပြီး ဘုရားရှင်ရဲ့ အဆုံးအမတွေကို မလိုက်နာ မကျင့်ကြံတဲ့သူတွေပါ။
ဘုရားရှင်ကို အားကိုးလွန်းပြီး ကံနဲ့ကံရဲ့အကျိုးကို မယုံကြည်တဲ့သူတွေ.. ဘုရား၊
တရား၊ သံဃာမှတစ်ပါး ကိုးကွယ်စရာတွေ များပြားနေတဲ့သူတွေ.. ဗေဒင်၊ ဘိုးတော်၊ နတ်၊
မယ်တော် အစရှိတဲ့.. မကိုးကွယ် မဆည်းကပ်သင့်တာတွေကို ကိုးကွယ်ဆည်းကပ်နေတဲ့
သူတွေဖြစ်ပါတယ်။ မိရိုးဖလာတွေကနေပြီးတော့ ဘုရားရှင်ကို လာဘ်လာဘ မျှော်ကိုးပြီး
ကိုးကွယ်လာတဲ့သူတွေ.. ဘေးကြောက်လို့ ကိုးကွယ်လာတဲ့သူတွေဖြစ်လာဖို့
ရာခိုင်နှုန်းဟာ အင်မတန် များပါတယ်။ ဘုရားရှင်ရဲ့အဆုံးအမကို သေချာမသိတော့
ဘုရားရှင်ကို အားကိုးစရာတစ်ခု အနေနဲ့ပဲ အားကိုးလွန်းပြီး ကိုယ်တိုင် မကျင့်ကြံ
အားမထုတ်တဲ့သူတွေပါ။ ကိုယ့်ကိုကိုယ့် အားကိုးလိုစိတ်မရှိတဲ့
မိရိုးဖလာဗုဒ္ဓဘာသာတွေ များလာရင် ဘာသာခြားအဖြစ်လည်း အလွယ်တကူ ပြောင်းလဲသွားနိုင်
ပါတယ်။

ဘုရားရှင်ရဲ့ အဆုံးအမတန်ဖိုး.. ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ တန်ဖိုးကို သေချာမသိရင်
ဘာသာခြားအဖြစ် ပြောင်းလဲသွားဖို့ဟာ အင်မတန်လွယ်ကူပါတယ်။ ယခုအခါမှာလည်း
လွယ်လွယ်ကူကူ ပြောင်းလဲနေကြတာပါ။ ဘာသာခြားနဲ့လက်ထပ်တာကို ဂုဏ်ယူဝင့်ကြွားစွာ
ကြော်ငြာထည့်တဲ့ အနေအထားတောင် ရောက်နေပါတယ်။ ဒါဟာ တကယ်တော့ ဗုဒ္ဓရဲ့
အဆုံးအမဖြစ်တဲ့.. မိမိရဲ့မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာတဲ့
စောင့်လေမျိုးနွယ်ဆိုတဲ့ အဆုံးအမတွေကို သေချာမသိတဲ့အတွက်ပါ။ ရတနာရဲ့တန်ဖိုး
မသိတဲ့လူတစ်ယောက်ကို ရတနာတစ်ခုခုသွားပေးရင် သူတန်ဖိုးထားရကောင်းမှန်း
မသိသလိုပါပဲ.. ဘုရားရှင်ရဲ့ အဆုံးအမတွေကို တန်ဖိုးရှိမှန်းမသိတဲ့အတွက်
သူတန်ဖိုးထားရမှန်း မသိတာပါ။ ဒါဟာဘာလို့ မသိတာလည်းဆိုတော့ မိရိုးဖလာအရပဲ
ကိုးကွယ်လာခဲ့လို့ပါ။

ကျွန်တော် အထက်မှာ ဖော်ပြထားတာတွေဟာ မိရိုးဖလာတွေ များလာရင် ဘာတွေ ဖြစ်လာမယ်..
ဘယ်လို ကြောက်ဖို့ကောင်းတယ်ဆိုတာ သိမြင်အောင်.. အနည်းငယ် ဖော်ပြလိုက်တာပါ။
တကယ်တမ်း ဖြန့်တွေးကြည့်မယ်ဆိုရင် ဖြန့်တွေးနိုင်သလောက်.. ရင်လေးစရာပါ။
မိရိုးဖလာဗုဒ္ဓဘာသာတွေ များလာရင် ဗုဒ္ဓဘာသာရဲ့ အခြေခံစောင့်ထိန်းရမယ့်
ငါးပါးသီလဆိုတာလည်း အလကားထင်သွားမှာဖြစ်သလို.. ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့
လူသားအချင်းချင်းမေတ္တာထားရမယ်.. ကိုယ့်ထက်နိမ့်ကျတဲ့သူကို ဂရုဏာထားရမယ်..
ကိုယ့်ထက်ကြီးပွားချမ်းသာတဲ့သူတွေကို မုဒိတာပွားပေးရမယ်ဆိုတဲ့
ဗြဟ္မစိုရ်တရားတွေဟာလည်း ကွယ်ပျောက်သွားတော့မှာပါ။ ကိုယ့်အနားမှာရှိတဲ့
တန်ဖိုးရှိတဲ့ ရတနာတွေကို တန်ဖိုးမရှိတဲ့အရာတွေပဲဆိုပြီး အလကားထင်လာရင်
အလွယ်တကူပဲ သူတစ်ပါးရဲ့ ခိုးယူလုယက် ခံရမှာပါ။ ခိုးယူလုယက်မှုခံရတာနဲ့အမျှ
ရတနာတွေဟာ တဖြေးဖြေး ပျောက်ကွယ်သွားရတော့မှာပါပဲ။

ဒ့ါကြောင့် ကျွန်တော်တို့အနေနဲ့ မိရိုးဖလာဗုဒ္ဓဘာသာတွေ များလာရင်ဆိုတဲ့
အတွေးလေးကို စိတ်ထဲမှာ ထည့်ပြီးတော့.. ကိုယ်ကိုတိုင်လည်း မိရိုးဖလာထဲ မပါအောင်
ကြိုးစားဖို့.. ကိုယ်နဲ့နီးစပ်ရာတွေမှာ မိရိုးဖလာတွေ ရှိနေရင်လည်း
ပြောင်းလဲပေးဖို့.. တိုက်တွန်းလိုပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံး
မိရိုးဖလာဗုဒ္ဓဘာသာတွေအဖြစ်မှ ကင်းဝေးစေပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ
ဖြစ်ကြပါစေခြင်း အလို့ငှာ ဆန္ဒပြုရေးသားလိုက်ရပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာမှ
အထက်တန်းစား ဗုဒ္ဓဘာသာသို့ တက်လှမ်းကြစေဖို့အတွက်.. လူငယ်တွေကို
ဘယ်လိုပြုပြင်ထိန်းသိမ်းကြမလဲ ဆိုတာကိုလည်း နောက်ပိုစ့်မှာ
ဆက်လက်ဖော်ပြပါအုံးမယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ
ကျန်းမာချမ်းသာကြပါစေ..။

အမေးအဖြေ အကျိုးပေးကွာခြားပုံ

ဘုန်းဘုန်း တပည့်တော်မ စာရေးလိုက်ပါတယ်ဘုရား။ မနက်မိုးလင်းတော့
တရားနာပါတယ်ဘုရား။ အရှင်ဆန္ဒာဓိကရဲ့တရားတော်ကိုနာပါတယ်ဘုရား။ အခု တပည့်တော်မလည်း
ဘုန်းဘုန်းနဲ့တွေ့ပြီးတဲ့ အချိန်ကစပြီး စိတ်တွေမမွန်းကျပ်တော့ဘူး ဘုရား။
ဘုန်းဘုန်းကိုကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်မလည်း ကိုယ့်ဘ၀ရဲ့ အခက်အခဲတွေကို
ကျော်လွှားနိုင်အောင်ကြိုးစားနေပါတယ်ဘုရား။

ဘုန်းဘုန်ုးကိုမသိတာလေး မေးပါအုံးမယ်ဘုရား။ လူတစ်ယောက်ပေါ့။ သူက
နွားတို့ဆိတ်တို့သတ်တဲ့စနေဒိုင်ပေါ့။ သူသေသွားတော့ သူဟာ လူဝင်စားဖြစ်တယ်တဲ့
ကောင်းကောင်းမွန်မွန်ပဲ
သူဌေးသားဖြစ်နေတယ်တဲ့။ ဟိုဘ၀က အကုသိုလ်လုပ်ခဲ့ပေမဲ့ နောင်ဘ၀မှာကောင်းစားနေတယ်။
နောက်လူတစ်ယောက်က ဘုရားတရားကိုင်းရှိုင်းတယ် ကောင်းမှု့ကုသိုလ်တွေပဲအမြဲလုပ်တယ်။
ဒါပေမဲ့ သူသေတော့ ခွေးဝင်စားဖြစ်တယ်တဲ့။ လူအများအိမ်ကနှင်ထုတ်ခံရတဲ့
ခွေးဖြစ်သွားတယ်တဲ့။ တပည့်တော်ဆိုလိုတာကတော့
အဲဒီလူနှစ်ယောက်ရဲ့နောက်ဆုံးအချိန်ကွာခြားချက်ကဘာလဲဘုရား။
တပည့်တော်မရှင်းပါဘူးဘုရား။ ဖြေရှင်းပြပါဘုရား။ ရိုသေစွာဖြင့်
ဘုန်းဘုန်းရဲ့တပည့်မ


အင်း အဲဒီလိုအကျိုးပေး ကွာခြားချက်မှုများကို ကံ(၄)ပါးနဲ့ ယှဉ်ကြည့်ရင်
သိပါလိမ့်မယ်။ ကံ(၄)ပါးကား (၁) မျက်မှောက်ဘ၀တွင် အကျိုးပေးသာကံ၊ (၂) ဒုတိယဘ၀မှ
အကျိုးပေးသောကံ၊ (၃) တတိယဘ၀မှစ၍
နောက်ဆုံးနိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အခွင့်သာတိုင်း အကျိုးပေးသောကံ၊ (၄)
အကျိုးပေးရမည့်ကာလ၌ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားသောကံဆိုပြီး
ကံလေးမျိုးရှိပါတယ်။

အဲဒီတော့ မိမိလုပ်တဲ့ ကောင်းမှုမကောင်းမှုသည် ဘယ်အချိန်ဘယ်ဘ၀မှာ
အကျိုးပေးမယ်ဆိုတာ သေချာပြောလို့မရပါဘူး။ မရေတွက်နိုင်သော ဘ၀ပေါင်းများစွာက
မိမိပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံတွေကလည်း
မိမိမှာ ရှိနေတယ်လေ။

နောက်ပြီး ကံအပြား(၄)ပါးဆိုတာလည်း ရှိပါသေးတယ်။ ကံအပြား(၄)ပါးကတော့ (၁)
ပဋိသန္ဓေတည်ရုံ ပဋိသန္ဓေတည်ပြီး ဖြစ်ရမည့်ဘ၀မှာ ဆက်လက်ဖြစ်အောင်
ဖြစ်စေတတ်သောပ၀တ္တိကံ။ (၂) ဖြစ်လာတဲ့ဘ၀မှာ နောက်ကနေ
ကောင်းကျိုးမကောင်းကျိုးကို ထောက်ပံ့ပေးသောကံ။ (၃) ကပ်၍နှိပ်စက်တတ်သောကံ။
ဥပမာ-လူအဖြစ်ကိုရပါသော်လည်း အမျိုးယုတ်ခြင်း၊ အင်္ဂါမစုံခြင်းစသောကံ။ (၄)
ကပ်၍ဖြစ်တတ်သောကံ။ ဥပမာ-သက်တမ်းမကုန်ဘဲ ရောဂါနဲ့ဖြစ်စေ
တစ်ခုခုသောအကြောင်းကြောင့်ဖြစ်စေ သေရခြင်းစသည်ကံဆိုပြီး ကံအပြားလေးမျိုးလည်း
ရှိပါတယ်။ အဲဒီတော့ မိမိရဲ့ ကောင်းကံမကောင်းကံသည် ဘယ်လိုချိန်မှာ
ဘယ်လိုတွေအကျိုးပေးမယ်ဆိုတာ
ပြောလို့မရလေ။

နောက်ပြီး ကောင်းကံမကောင်းကံ အကျိုးပေးကွဲပြားခြားနားရတဲ့ ကံအပြား(၄)ပါး
ရှိပါသေးတယ်။ အဲဒါတွေကတော့ (၁) အမိသတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊
မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း၊ သံဃာတော်အချင်းချင်း
ကွဲပြားအောင်လုပ်ခြင်းဆိုတဲ့ ဂရုကံကိုလုပ်ခြင်း။ (၂) သေခါနီးကာလ၌ကပ်ပြီး
ပြုလုပ်အပ်သော ကောင်းကံမကောင်းကံနှင့် သေခါနီး အာရုံထဲ၌ မိမိလုပ်ခဲ့သော
ကောင်းကံမကောင်းကံတို့ စိတ်ထဲပေါ်လာခြင်း။ (၃) နေ့စဉ်မပြတ်
လေ့ကျင့်ပြုလုပ်လေ့ရှိသော တစ်ကြိမ်တစ်ခါပင် ပြုလုပ်မိသော်လည်း စိတ်ထဲမှာ
အမြဲစွဲနေသော ကောင်းကံမကောင်းကံ။ (၄) ရှေးရှေးဘ၀က ပြုခဲ့ဖူးသောကံဆိုပြီး
ကံလေးပါးရှိပါသေးတယ်။

ထို့ကြောင့် မိမိတို့လုပ်ခဲ့သော ကောင်းကံမကောင်းများသည်
မရေတွက်နိုင်သောဘ၀ပေါင်းများစွာက ပြုလုပ်ခဲ့သော ကံများရှိသလို
ယခုမျက်မှောက်နေ့စဉ် ပြုလုပ်နေသော ကံများစွာလည်း ရှိနေသည်မို့
ကံတရားသည် ဒီဘ၀မှာ ကောင်းတာဖြစ်ပေမဲ့ နောက်ဘ၀မှာ ကောင်းတာဆက်ဖြစ်မယ်လို့
မပြောနိုင်ပါဘူး။ အရင်ဘ၀တွေကလုပ်ခဲ့တဲ့ ကံများစွာကလည်း အကျိုးပေးဖို့
ကျန်နေတာဖြစ်တဲ့အတွက် ခုချိန်ကံကောင်းနေပေမဲ့ တော်ကြာ ကံဆိုးချင် ဆိုးပါတယ်။

ယခုဘ၀တွင် ကောင်းတာများလုပ်သော်လည်း နောက်ဘ၀၌ ကောင်းသောဘုံမှာဖြစ်ပြီး
ကောင်းကျိုးများကို ခံစားရမည်ဟု သေချာမပြောနိုင်သလို ယခုဘ၀တွင်
မကောင်းတာများလုပ်၍ နောက်ဘ၀၌ မကောင်းသောဘုံမှာဖြစ်ပြီး
မကောင်းကျိုးများကို ခံစားရမည်ဟုလည်း သေချာမပြောနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော်
မိမိတို့ပုထုဇဉ်ပုဂ္ဂိုလ်သည်
အမှားအမှန်ကို မခွဲခြားတတ်သေး၍ ဘ၀ပေါင်းများစွာက ပြုလုပ်ခဲ့သော
ကောင်းကံမကောင်းကံတို့ ရောနှော၍ ရှိနေခြင်းကြောင့်ဖြစ်သည်။ အရိယာမဖြစ်သေးသော
ပုထုဇဉ်ပုဂ္ဂိုလ်များသည် အမှန်အမှားကို သေချာမခွဲခြားတတ်သော
ဒိဋ္ဌိနှင့်ယုံမှားသံသယဖြစ်ခြင်း ၀ိကိစ္ဆာနှစ်ပါးရှိနေသေးသည်။

ယခုဘ၀တွင် ကောင်းတာလုပ်မှုများသော်လည်း တစ်ချို့သည် သေခါနီးကာလ၌
မကောင်းမှုအနည်းငယ်လေးကိုပင် အာရုံထဲပေါ်လာတက်၍ မကောင်းသောဘုံမှာ မကောင်းကျိုးကို
ခံစားရတတ်သလို တစ်ချို့သည်
မကောင်းတာလုပ်မှုများသော်လည်း သေခါနီးကာလ၌ ကောင်းမှုအနည်းငယ်ကို အာရုံထဲပေါ်လာ၍
ကောင်းသောဘုံမှာ ကောင်းကျိုးများကို ခံစားရသည်လည်း ရှိတက်ပေသည်။

ထို့ပြင် ယခုဘ၀၌ ကောင်းမှုများသော်လည်း အရင်အရင်ဘ၀ပေါင်းများစွာက
မကောင်းမှုများခဲ့လျှင်လည်း အရင်ဘ၀က ၀ဋ်ကြွေးများကို ဆပ်ရန်ကျန်သေးသည့်အတွက်
မကောင်းသောဘုံ၌ မကောင်းကျိုးကို ခံစားရတတ်ပေသည်။

အရေးကြီးသည်မှာ မိမိတို့သည် သေခါနီးအချိန်တွင် အဓိကကျနေသောကြောင့်
မိမိတို့စိတ်ထဲ၌ အမြဲစွဲနေအောင် ကောင်းမှုကုသိုလ်များကို
နေ့စဉ်မပြတ်ပြုလုပ်နေဖို့ အရေးကြီးပါသည်။ မိမိပြုလုပ်ခဲ့သော
ကောင်းမှုများတွင် မိမိ၏ခွန်းအား ဉာဏ်အား ငွေအားများဖြင့်
စိတ်ပါလက်ပါပြုလုပ်ခဲ့သော
ကောင်းမှုကို အဓိကအနေဖြင့် စိတ်ထဲမှာ အမြဲအောက်မေ့နေပေးပါ။ မိမိတွင် အရင်ဘ၀တွေက
မကောင်းမှုများခဲ့လျှင်သော်မှ ယခုမျက်မှောက်ဘ၀တွင် ကောင်းမှုများကို
နေ့စဉ်ပြုလုပ်ပေးသွားမည်ဆိုလျှင် မိမိမှာ ကောင်းမှုများနေ၍ မကောင်းမှုများသည်
ကောင်းမှုများသာ ဆက်တိုက်အကျိုးပေးနေသဖြင့် အကျိုးပေးခွင့်မရဘဲ
ပျောက်ပျက်သွားနိုင်ပါသည်။

ထို့ကြောင့် မိမိတို့သည် ယခုလို လူ့ဘ၀မှာကောင်းမှုမကောင်းမှုကို
ခွဲခြားတက်သောအသိဉာဏ်ရှိနေချိန်တွင် ကောင်းမှုများ နေ့စဉ်မပြတ်ပြုလုပ်ရန်
အခါကောင်းရောက်နေလေးချိန်၌ မကောင်းမှုများအား
တက်နိုင်သမျှရှောင်ကြဉ်ပြီး ကောင်းမှုများဖြင့် မွေ့လျော်နိုင်အောင် ကြိုးစားရန်
အထူးလိုအပ်ပါပေသည်။


အမေးအဖြေ သေပြီးလျှင် ဘာဖြစ်မလဲ

အရှင်ဘုရား။ ဘာသာရေးနှင့်ပတ်သတ်သည်များ စိတ်ထဲမရှင်းလင်းသည်များကို
မေးမြန်းခွင့်ပြုပါ။ ပြန်လည်ဖြေကြားပေးပါရန်လည်း မေတ္တာရပ်ခံပါသည်။ ကမ္ဘာပေါ်တွင်
အဓိကဘာသာကြီး(၄)ခုရှိပီး သူတို့အတွေးအခေါ် သူတို့အယူအဆများဖြင့်
ကမ္ဘာအနှံ့အပြားတွင်
နေထိုင်လျှက်ရှိပါသည်။ ဘာသာတခုတိုင်းတွင် သေလွန်ပီး နောက်တစ်ဘဝကို
တနည်းနည်းတဖုံဖုံဖြင့်
လက်ခံသည်များလည်းရှိပါသည်။ ဘာဘာသာ အယူအဆ တစ်ခုမျှလက်ကိုင်ယုံကြည်မှုမရှိဘဲ
အသက်ရှင်နေထိုင်
ရပ်တည်နေသူများ လည်း အများအပြားရှိပါသည်။ သိလိုသည်မှာ သေလွန်ပီး
အခြားတဖက်မှာကော ဘာသာကြီး(၄)ခုရှိပါသေးလော။
လူတစ်ဦးတစ်ယောက်သေဆုံးလျှင် သက်ဆိုင်ရာဘာသာ အလိုက် မြှုပ်နှံသဂြိုလ်ကြသလို
သေလွန်ပီး နောက်တစ်ဘဝမှာကော သက်ဆိုင်ရာ ဘာသာအလိုက်စီရင်ဆုံးဖြတ်သည့်အတိုင်း
နေထိုင်ကြရပါသလော။ (ဥပမာ ဗုဒ္ဒဘာသာ တစ်ယောက်သေဆုံးလျှင် သူရဲ့ကုသိုလ်နဲ့
အကုသိုလ်ကိုလိုက်ပီး
နိဗ္ဗာန်၊ ငရဲ၊ တိရစ္ဆန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုပီး သက်ဆိုင်ရာဘုံဘဝမှာ
မှီကြရပါတယ်။ ခရစ်ယာန်တစ်ယောက်
သေဆုံးလျှင် စီရင်ချက်မချခင် ကောင်းကင်ဘုံမှာ နေထိုင်ကြရသည်ဟု ဆိုပါသည်။)
ဘာသာအယူအဆတစ်ခုမှလက်ခံယုံကြည်ခြင်းမရှိဘဲ ရှင်သန်ရပ်တည်နေသူတစ်ယောက်
သေဆုံးလျှင်ကော ထိုသူကား အဘယ်ဘုံဘဝမှာ နေထိုင်ရမည်လော။ ရိုသေစွာဖြင့်
လျှောက်ထားမေးမြန်းလိုက်ရပါသည်။


အင်း မျက်မှောက်လောကကိုကြည့်မယ်ဆိုရင်တော့ လူများ၏ ယုံကြည်ချက်
ကွဲလွဲမှုတွေကြောင့် ဘာသာတရားတွေဟာ အမျိုးမျိုးကွဲပြားနေရတာပါ။ တကယ်တော့
ဘာသာအယူဝါဒ ဆရာသမားများဟာ သဘာဝတရားရဲ့ဖြစ်ပေါ်နေမှုများကို သူတို့သိသလောက်
ပြောပြနေခြင်းသာ ဖြစ်ပါတယ်။ သဘာဝတရားလောကကြီးမှာ ဖြစ်ပျက်နေတာတွေကို
သူတို့ရဲ့အသိဉာဏ်နဲ့ သိမြင်နေတာကို ပြောပြခဲ့ကြတာပါ။

ဥပမာ-မြတ်ဗုဒ္ဓကလည်း သူသိတာကို သူပြောခဲ့တာပါ။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာတွေကို
သူ့ရဲ့ဉာဏ်နဲ့မြင်တွေ့တာကို ပြောပြခဲ့တာပါ။ သူဖန်ဆင်းတာမဟုတ်သလို
သူကတီထွင်ကြံဆပြောပြခဲ့တာလည်း မဟုတ်ပါဘူး။
လောကကြီးအတွင်း ဖြစ်နေတာကို ပြောပြခဲ့တာပါ။ ဒါလုပ်ရင် လောကကြီးက
ဒါတွေဖြစ်တယ်ဆိုတာကို သူမြင်ခဲ့သိခဲ့လို့ ပြန်ပြောပြခဲ့တာပါ။
သူ့လိုပြောပြမြင်တတ်အောင် သူ့လိုကျင့်ရင် လူတိုင်းမဆို သိမြင်ပါလိမ့်မယ်။
မြတ်ဗုဒ္ဓက မပြောခဲ့လို့ မသိတာဘဲရှိမယ် လောကသဘာဝတရားကြီးကတော့ ဒီတိုင်းပဲ
ကောင်းတာလုပ်ရင် ကောင်းကျိုးကိုပေးနေပါမယ်။ မကောင်းတာလုပ်ရင်လည်း
မကောင်းကျိုးကို
ပေးမှာပါပဲ။

သေလွန်ပြီးရင်တော့ မိမိက ဘာဖြစ်မယ်ဆိုတာ အရိယာပုဂ္ဂိုလ်မဖြစ်သေးရင်
မခန့်မှန်းနိုင်သေးတဲ့အတွက် ဘယ်ဘ၀ရောက်မယ်ဆိုတာ မပြောနိုင်ဘူးလေ။
လူ့ဘ၀ကိုရောက်ရင်တော့ ဘာသာအယူဝါဒတွေ
အမျိုးမျိုးရှိနိုင်ပါသေးတယ်။ နတ်ဘ၀ ဗြဟ္မာဘ၀ တိရစ္ဆာန် ငရဲစတာတွေဖြစ်ရင်တော့
ဘာသာအယူဝါဒတွေ မရှိတော့ပါဘူး။ နတ်တွေဗြဟ္မာတွေဆိုရင် သူတို့တန်ခိုးနဲ့သူတို့ဘာသာ
ကံတရားအလိုက် စည်စိမ်းချမ်းသာကို ခံစားနေကြပါလိမ့်မယ်။
အပါယ်လေးဘုံမှာဖြစ်ရင်တော့
အသိဉာဏ်မရှိတဲ့အတွက် ဘာသာအယူဝါဒ မရှိပါဘူး။ သူတို့ထင်ရာ
သူတို့လုပ်ကြပါလိမ့်မယ်။

သေလွန်ပြီးလျှင် ဘာသာအယူဝါဒအလိုက် ကိုယ့်ဘာသာတရားထဲကအတိုင်း ခံစားရမှာ
မဟုတ်ပါဘူး။ ဘယ်ဘာသာမဆို ကောင်းတာလုပ်ခဲ့တဲ့လူက ကောင်းတဲ့ဘုံမှာ
ကောင်းတဲ့အကျိုးကို ခံစားရသလို မကောင်းတာလုပ်ခဲ့တဲ့လူက
မကောင်းတဲ့ဘုံမှာ မကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ယခု လူ့ဘ၀၌
ဘာသာအယူအဆမရှိဘဲ
နေထိုင်တဲ့ပုဂ္ဂိုလ်သည်လည်း သူ့လုပ်ခဲ့တဲ့အလုပ်ပေါ်မှာမူတည်ပြီး
ကောင်းကျိုးမကောင်းကျိုးကို ခံစားရပါလိမ့်မယ်။

ဘာသာအယူဝါဒဆိုတာ ဆရာတွေအယူအဆ မတူကြလို့ ကွဲပြားနေကြတာပါ။ တကယ်တော့
သဘာဝတရားကြီးက သူ့အလိုလိုဖြစ်နေတဲ့ဟာတွေပါ။ မကောင်းတာလုပ်တဲ့လူက
မကောင်းကျိုးကို ခံစားရတာဟာ သူ့အလိုလို သဘာဝတရားက
တုန့်ပြန်ပေးနေတာပါ။ ကောင်းတာလုပ်တဲ့လူက ကောင်းကျိုးကို ခံစားရတယ်ဆိုတာလည်းပဲ
သဘာဝတရားရဲ့ တုန့်ပြန်မှုပါပဲ။

ဥပမာ-မျက်မှောက်ဘ၀မှာလည်း အလုပ်လုပ်မှ ပိုက်ဆံရလို့ စားချင်တာဝယ်စားလို့ရပါတယ်။
ထို့အတူ ကောင်းတာလုပ်ရင် ကောင်းကျိုးကို မျက်မှောက်ဘ၀၌ချက်ချင်းလည်း
အကျိုးပေးပါတယ်။ အရင်ဘ၀တွေတုန်းက ပြုလုပ်ခဲ့တဲ့ မကောင်းကျိုးလက်ကျန်များက
အကျိုးပေးဆဲမို့ ယခုမျက်မှောက်လုပ်တဲ့ကောင်းကျိုးကို မခံစားရသေးတာတော့
ရှိနိုင်ပါတယ်။ ကောင်းကျိုးလုပ်ရင် ကောင်းကျိုးကလည်း တစ်ချိန်ချိန်၌
အကျိုးပေးမှာ
သေချာသလို မကောင်းတာလုပ်ရင် မကောင်းကျိုးကလည်း အကျိုးပေးဖို့ စောင့်နေမှာ
သေချာပါတယ်။

အဲဒီတော့ သဘာဝတရားကြီးက သူ့အလိုလို အကျိုးပေးနေတဲ့အတွက် ဘယ်သူမဆို
ဘယ်ဘာသာဝင်မဆို သူ့နဲ့တန်ရာတန်ရာကို မျက်မှောက်လူ့လောက၌ တရားသူကြီးများက
တရားခံကို စီရင်ချက်ချသလို
ကံဆိုတဲ့သဘာဝတရားကြီးကလည်း တန်ရာတန်ရာအကျိုးကို သူ့အချိန်တန်ရင်
အကျိုးပေးပါလိမ့်မယ်။

ဒီလောက်ပြောပြလျှင် ရှင်းမည်ထင်ပါတယ်။ မိမိ၏ ထင်မြင်ချက်များကို
ရေးသားလိုက်ခြင်းဖြစ်၍ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမပါပေ။ မိမိ၏
အသိဉာဏ်များကို ဖြေပေးလိုက်ခြင်းသာ ဖြစ်သည်။
မှားမှန်ကိုတော့ ကိုယ်ပိုင်ဉာဏ်များဖြင့် သုံးသပ်ကြပါလေ။


အမေးအဖြေ သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော် အရှင်ဘုရား တပည့်တော်
မရှင်းတာလေးရှိလို့မေးပါရစေဘုရား။ တပည့်တော် ကတော့ ၀န်ထမ်းတစ်ယောက်ပါ။
တပည့်တော်တို့သိချင်တာက သူတစ်ပါး၏အသက်ကို မိမိရဲ့စိတ်မပါဘဲ သူများခိုင်း၍
သတ်ရလျှင် ဘယ်သူ့မှာ အပြစ်ရှိပါသလဲဘူရား။ ကိုယ်ကိုယ်တိုင်က မလုပ်ချင်ပေမယ့်လည်း
တာဝန်အမိန့်အရလုပ်ရတာတွေရှိပါတယ်။ အဲဒီအကြောင်းအရာ
လေးကိုဖြေကြားပေးတော်မူပါဘုရာ။
နောက်ထပ်တစ်ခုအနေနဲ့ အရှင်ဘုရားဖြတ်သန်းလာခဲ့ရတဲ့ဘ၀အတွေ့ အကြုံလေးတွေ
တပည့်တော်တို့ ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတာလေးတွေကိုပါ
ပြောကြားပေးတော်မူပါဘုရား။ အရှင်ဘုရားရဲ့ ဘလော့လ်မှာအမြဲလာရောက် ဖတ်ရှု့သူ
တစ်ဦးပါ။
ဟုတ် ဒကာ။ ဒကာမေးတဲ့မေးခွန်းမျိုးကို သီဟိုဠ်ဘုရင်တစ်ပါးဖြစ်သော
ဒုဋ္ဌဂါမဏီမင်းကြီးကလည်း အဘယရဟန္တာမထေရ်မြတ်ကို လျှောက်ဖူးတယ်။ ဘုရင်က သူလည်း
တိုင်းပြည်အတွင်းသို့ကျူးကျော်လာတဲ့ ရန်သူတွေကို တိုင်းပြည်နှင့်လူမျိုးဘာသာ
အတွက် မသတ်ချင်သော်လည်း သတ်ခဲ့ရသည့်အတွက် သူ့မှာပါဏာတိပါတကံတွေ
များနေပြီလို့တွေးပြီး စိတ်မချမ်းမြေ့ဖြစ်နေပါတယ်။ အဲဒါနဲ့
ရှင်အဘယရဟန္တာမထေရ်ကို မေးခဲ့တာပါ။ ရဟန္တာမထေရ်မြတ်က သီလလုံခြုံတဲ့ပုဂ္ဂိုလ်၊
သူတော်ကောင်းစိတ်ရှိသော ပုဂ္ဂိုလ်၊ (ယခုခေတ်အလို သဘောကောင်းသောပုဂ္ဂိုလ်ကို)
သတ်မိရင် လူတစ်ယောက်ကို သတ်တာနဲ့တူပါသည်။ စိတ်ထားမကောင်းသော
လူယုတ်မာကိုသတ်မိလျှင် တိရစ္ဆာန်ကို သတ်တာနဲ့တူတယ်ဟု မိန့်ကြားပေးခဲ့ပါသည်။
သူတစ်ပါးကို ကိုယ်စားသတ်ခိုင်းသော ပုဂ္ဂိုလ်မှာ အပြစ်ပိုမိုရှိပါသည်။
ကိုယ်စားသတ်ပေးသောပုဂ္ဂိုလ်မှာလည်း သူများခိုင်း၍သတ်ရပါသည် မိမိစိတ်ထဲ၌
သူတစ်ပါးကို သေစေလိုသော စေတနာမပါဘူးဆိုလျှင် အပြစ်နည်းပါသည်။ အပြစ်ကတော့
နည်းနည်းရှိပါသည်။
အဘယ့်ကြောင့်ဆိုသော် ဘုရားလောင်းပါရမီဖြည့်စဉ်အခါက ရှင်ဘုရင်လုပ်ရ မည်ကို
အင်မတန်ကြောက်ရွံ့၍ စကားမပြောခဲ့သော တေမိဇာတ်ဆိုတာ ရှိခဲ့ပါတယ်။
ရှင်ဘုရင်ဖြစ်လျှင် အများကိုမသတ်ချင်သော်လည်း သတ်ရမည့်အလုပ်သည် ဧကန်ပင်
ရှိနေပါသည်။ သူတစ်ပါးကိုသတ်လျှင် မိမိစိတ်ပေါ်နှင့်သတ်ခံရသောပုဂ္ဂိုလ်ပေါ်မှာ
မူတည်ပြီး အကျိုးပေးအနည်းအများကွာခြားသော်လည်း မိမိ၏ ကာယကံလုပ်ဆောင်မှု
ပါနေသောကြောင့် အပြစ်တော့ရှိနေပါသည်။



ဘုရားမကွယ်ပါစေနဲ့.....
ShareFriday, April 9, 2010တနေ့ကသူငယ်ချင်းတစ်ယောက်နဲ့ စကားပြောမိရင်း
ဘုရားစေတီတွေ အကြောင်းလေး ပြောမိပါတယ်။ သူကပြောပါတယ်..
ဒီဘုရားကတန်ခိုးကြီးတယ်.. ဆုတောင်းရင် ဆုတောင်းပြည့်တယ်.. လာဘ်လာဘလည်း ၀င်တယ်
တဲ့။ ဟင်.. ဆိုပြီး ရင်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ မင်းပြောတဲ့
ဘုရားကတန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ်ဆိုတော့ ကျန်တဲ့ဘုရားတွေက
တန်ခိုးမကြီးတဲ့ သဘောပေါ့လို့ ပြန်ပြောမိပါတယ်။ ဒါနဲ့စကားစဖြတ်လိုက်ရင်း
ကိုယ့်ဘာသာ အတွေးတွေထဲမှာ စဉ်းစားမိပါတယ်။ အော်.. ဘုရားတွေများလာပါလားပေါ့။
ဘုရားစေတီပုထိုးတွေသာ များလာတယ် ဘုရားရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံသူတွေတော့
နည်းသထက်နည်းနေပါလား ဆိုပြီး တွေးမိပါတယ်။ ဘယ်ဘုရားက တန်ခိုးကြီးတယ်
ဒီဘုရားကဆုတောင်းပြည့်တယ်ဆိုရင် ဘုရားကိုကိုးကွယ်တာ ဘာအတွက်လဲ..
ဆုတောင်းပြည့်ယုံ အားကိုးယုံနဲ့ ကိုးကွယ်နေတာလား။ ဆုတောင်းမပြည့်ရင်
တန်ခိုးမကြီးရင် မကိုးကွယ်တော့ဘူးလား ဆိုပြီး ပြန်မေးကြည့်မိပါတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးလည်း မေးချင်စရာကောင်းပါတယ်။ ခုခောတ်မှာ တော်တော်လေး
ခေတ်စားနေတာလေးတွေရှိပါတယ်။ ဘုရားဖူးသွားကြတာပါပဲ။ ဘုရားဖူးသွားကြတာ
မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဘယ်ဘုရားက တန်ခိုးကြီးလို့ သွားကြရအောင်..
ဒီဘုရားက တန်ခိုးပြလို့ သွားကြရအောင်ဆိုပြီး သွားရင်တော့
ဘုရားဖူးသွားတယ်လို့တောင် မဆိုနိုင်ပါဘူး။ သွားဖူးတဲ့ဘုရားပျောက်ပြီး
တန်ခိုးကိုစိတ်ရောက်နေတာ ဆုတောင်းပြည့်တာ စိတ်ရောက်နေတာဟာ ဘုရားဖူးသွားတယ်လို့
မဆိုလိုနိုင်ပါဘူး။ ထူးဆန်းထွေလာ သွားကြည့်တယ်လို့တောင် ပြောနိုင်ပါတယ်။
ဒါမို့လိုလည်း ဖုံးကွယ်ခြင်းသုံးပါးထဲမှာ ဘုရားကိုစေတီကွယ်တယ် ဆိုပြီး
ပထမဦးစွာ ထည့်သွင်းထားတယ်လို့ ထင်မိပါတယ်။ တကယ်တော့ စေတီတွေက ဘုရားကို
ကွယ်စေတာ မဟုတ်ပါဘူး.. ဘုရားကိုကွယ်စေနိုင်အောင် ကိုယ့်စိတ်က ရည်မှန်းလိုက်တဲ့
ရည်ရွယ်လိုက်တဲ့ စိတ်ထားတွေကသာ ဘုရားကို စေတီတွေက အလိုလိုကွယ်သွားစေတာပါ။
အမည်နာမတွေအမျိုးမျိုးနဲ့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ကွယ်ပြစ်နေတာ
များလှပါပြီ။ ဒီတော့ ဘုရားကို စေတီမကွယ်အောင် ဘယ်လိုများ လုပ်ကြရပါ့မလဲ။


တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတော ပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။

“တိဋ္ဌန္တေစ- သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတော စ-
ပရိနိဗ္ဗာန်ဝင်စံကြွာသွား မြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌လည်းကောင်း၊ စိတ္တေ-
ကြည်ညိုလိုသောစိတ် ပြစ်မှားလိုသောစိတ်သည်၊ သမေ- တူမျှသည်ရှိသော်၊ ဖလံ-
ကောင်းကျိုးဆိုးကျိုးသည်၊ သမံ- တူမျှလေ၏၊ ကသ္မာ- အဘယ်ကြောင့်နည်းဟူမူကား၊
ဟိယသ္မာ- အကြင်ကြောင့်၊ စေတောပဏိဓိဟေတု ဟိ- စိတ်ထားကောင်းသောကြောင့်သာလျှင်
သတ္တာ- သတ္တ၀ါတို့သည်၊ သုဂတိ- သုဂတိဘ၀သို့၊ ဂစ္ဆန္တိ- လားကြရကုန်၏၊ တသ္မာ-
ထို့ကြောင့်၊ ဖလံ- ကောင်းကျိုး ဆိုးကျိုးသည်၊ သမံ- တူမျှလေ၏” ဆိုတဲ့
ဘုရားရှင်ရဲ့ အဆုံးမတိုင်းပါပဲ။ သက်တော်ထင်ရှားဘုရားနဲ့ ဘုရားစေတီတော်ဟာ
စိတ်ထားတတ်မယ်ဆိုရင် အတူတူပါပဲ။ ဘုရားစေတီတွေသွားမယ်ဆိုရင် စိတ်ထားတတ်ဖို့ဟာ
အဓိကကျပါတယ်။ ဘုရားစေတီပုထိုး သွားမယ်ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ
အထပ်ထပ်ပွားပြီး ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကို ရင်ထဲမှာအာရုံပြုပြီး သွားမှသာ
ဘုရားဆီသွားတယ်လို့ ဆိုနိုင်မှာ ဖြစ်သလို ဘုရားသွားဖူးတယ်ဆိုတာလည်း
သေချာသွားမှာပါ။ ကိုယ်သွားနေတဲ့ခြေလှမ်းတွေနဲ့ ရည်မှန်းနေတဲ့ စိတ်ထားတွေဟာ
ဘုရားရှင်ဆီကို ဦးတည်နေဖို့ လိုအပ်ပါပေတယ်။

ခုတော့ဖြင့် ဘုရားရှင် ဆုံးမခဲ့တဲ့ အဆုံးမတွေနဲ့ လွဲပြီးရင်းလွဲနေပါတော့တယ်။
သူငယ်ချင်းတွေ ၀ိုင်းဖွဲ့ပြီး ပျော်ပွဲစားထွက်သလိုမျိုး ဘုရားကို သွားကြတယ်။
စားကြသောက်ကြ ပျော်ကြပါးကြဖို့အတွက် ဘုရားသွားဖူးကြတယ်။ တန်ခိုးကြီးတယ်
အလုပ်အကိုင်အဆင်ပြေတယ် လာဘ်လာဘတိုးတယ်ဆိုလို့ အားကိုးတကြီးနဲ့ သွားကြတယ်။
တန်ခိုးပြတယ်.. ရောင်ခြည်ပြတယ်ဆိုပြီး အထူးဆန်းအဖြစ်သွားဖူးကြတယ်။
ဘုရားဂုဏ်တော်တွေ ဘယ်ဆီရောက်နေမှန်း မသိကြပါဘူး။ ဘုရားရဲ့ ကျေးဇူးတရားတွေ
ရင်ထဲမှာ ထည့်ထားပြီး သွားကြမယ်ဆိုတာလည်း မရှိကြပါဘူး..။ တကယ်စဉ်းစားကြည့်ရင်
ဝမ်းနည်းဖို့ ကောင်းပါတယ်။ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့သြ၀ါဒ
အတိုင်းဆိုရင်ဖြင့် “အိမ်ကဘုရားကို ဘုရားလို့မထင်ပဲ ဟိုဘုရားမှ ဘုရားထင်ပြီး
ဘုရားလည်ထွက်နေကြတာဟာ ဘုရားကိုမျက်နှာပြောင် တိုက်နေတာပဲ” လို့ ပြောရမလိုပါပဲ။
ဘယ်စေတီဖြစ်ဖြစ် ဘယ်ဘုရားဖြစ်ဖြစ် ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီး
ကြည်ညိုသဒ္ဓါပွားကာ တန်းတူစိတ်ထားဖြင့် မကိုးကွယ်နိုင်သဖြင့်တော့
ဘုရားမမြင်သေးဖူးလို့ပဲ ပြောရမှာပါပဲ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ရင်ထဲမှာ
ဘုရားကိုစေတီကွယ်နေပြီဆိုတာ သိစေချင်ပါတယ်။

ဒီတော့ဘုရားကို စေတီမကွယ်စေဖို့ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေ
သတိတရရှိဖို့အတွက်ဆို ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတွေကို အမြဲအမှတ်ရမယ့်
စိတ်ထားလေးတွေကို ရင်ထဲနှလုံးသားထဲမှာ စွဲမြဲစေဖို့ အရေးကြီးပါတယ်။
ကျွန်တော်ပြောတဲ့အထဲမှာ ဘုရားမသွားနဲ့.. ဘုရားကိုသွားတာ အကျိုးမရှိဘူး..
ဘုရားကို စေတီတွေက ကွယ်နေတယ်လို့ မဆိုလိုပါဘူးနော်။ ဘုရားရှင်
ခန္ဓပရိနိဗ္ဗာန်ဝင်စံတော်မူပြီးတဲ့နောက် ကြွင်းကျန်သောဓါတ်တော်တွေကို ဘုရားရှင်ဟာ
သာသနာတော်အတွက် ဓာတုစေတီဆိုတဲ့ ဓါတ်တော်တွေ၊ ဓမ္မစေတီဆိုတဲ့ တရားတွေ၊
ဥဒ္ဒိဿစေတီဆိုတဲ့ ရုပ်ပွားတော်တွေ၊ ပရိဘောဂဆိုတဲ့ အသုံးအဆောင်များကို
ကိုယ်စားလှယ်အဖြစ်ထားခဲ့တာပါ။ ဒါ့ကြောင့် စေတီတော်တွေကို ဖူးမြင်ရတာဟာ
သက်တော်ထင်ရှားဘုရားကို ဖူးမြင်ရတာနဲ့ ထပ်တူပါပဲ။
ဘုရားရှင်နှင့်အတူစိတ်ထားနိုင်လျှင် ကောင်းကျိုးရတာခြင်းလည်းတူသလို
အကျိုးပေးခြင်းလည်း တူညီပါတယ်။

အိမ်ကဘုရားစင်(ဘုရားကျောင်းဆောင်) ဟာလည်း ဘုရားဖြစ်သလို.. ရန်ကုန်မှာ
တည်ထားကိုးကွယ်နေတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမှာ တည်ထားကိုးကွယ်တဲ့
မဟာမြတ်မုနိဘုရားကြီးနဲ့ စသည့်ဘုရားစေတီအဆူဆူတွေဟာလည်း ဘုရားပါပဲ။ ကိုယ့်ရင်ထဲ
နှလုံးသားထဲမှာ ဘယ်ဘုရားစေတီပုထိုးကိုမြင်မြင်
ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတွေကိုမြင်ပြီး အမြတ်တနိုးတန်ဖိုးထားပြီး
ဦးချကြည်ညိုတတ်ဖို့ဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ ငါတို့ကိုးကွယ်နေတဲ့
ဘုရားစေတီမှ ဘုရားဆိုရင်တော့ ကိုယ့်ရင်ထဲမှာ ဘုရားစစ် ဘုရားမှန်
ပျောက်နေပါတယ်လို့ ပြောလိုက်ပါရစေ..။ တန်ခိုးကြီးတဲ့ဘုရားမှ
ဘုရားထင်ပြန်ရင်လည်း ဂုဏ်တော်ချင်းထပ်တူအာရုံပြု ရှိခိုးဦးချရမည့်ဘုရားကို
မျက်နှာပြောင် တိုက်နေပါလားဆိုတာ သိလိုက်ပါလို့ သတိပေးလိုပါတယ်။
သတ္တ၀ါတွေအကျိုးစီးပွားအတွက် အဆူဆူပွင့်ထွန်းတော်မူလာခဲ့တဲ့
ဘုရားအဆူဆူရဲ့ကျေးဇူးတရားတွေကို ရင်ထဲမှာ ထင်မြင်ပြီး အမြတ်တနိုးထား
ဦးချနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။ ဘုရားကိုဘုရားလို့ပဲမြင်ပြီး
ဂုဏ်ကျေးဇူးတွေကို အမြတ်တနိုးတန်ဖိုးထားတတ်ပါစေလို့ ဆန္ဒပြုလျှက်..။


အမေးအဖြေ အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးယောက်

အရှင်ဘုရား၊ ဘုရားတပည့်တော်တို့ ဗုဒ္ဓသာသနာတွင် ဆရာမြတ်ဗုဒ္ဓ ဟောကြားတော်မူသော
အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးမျိုးကို သိရှိလိုပါသည်ဘုရား။ အရှင်းဘုရား
အချိန်ရလျှင် မေးပို့လ်ပေးစေလိုပါသည်။ အကယ်၍
မျှဝေထားသော ဆိုက်ရှိပါက လင့်ခ်ပေးတော်မူပါဘုရား။ အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး
မျှတစွာဖြင့် သာသနာ့အကျိုး ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ။ ဘုရားတပည့်တော်
ရိုသေစွာ ဦးခိုက်ခဲ့ပါသည် ဘုရား။

အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးမျိုးဆိုသည်မှာ......

၁။ တိရစ္ဆာန်

၂။ သီလမရှိသူ

၃။ သီလရှိသူ

၎။ ဈာန်ရရသေ့

၅။ သောတာမတ္တိမဂ်ပုဂ္ဂိုလ်

၆။ သောတာမတ္တိဗိုလ်ပုဂ္ဂိုလ်

၇။ သကဒါဂါမိမဂ်ပုဂ္ဂိုလ်

၈။ သကဒါဂါမိဗိုလ်ပုဂ္ဂိုလ်

၉။ အနာဂါမိမဂ်ပုဂ္ဂိုလ်

၁၀။ အနာဂါမိဗိုလ်ပုဂ္ဂိုလ်

၁၁။ အရဟတ္တမဂ်ပုဂ္ဂိုလ်

၁၂။ အရဟတ္တဗိုလ်ပုဂ္ဂိုလ်

၁၃။ ပစ္စေကဗုဒ္ဓါ

၁၄။ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တို့ဖြစ်ပေသည်။

အကျိုးပေးမှုမှာလည်း အဆင့်ဆင့်များ၍ အကျိုးပေးလေသည်။


ကံပြုတဲ့နေရာက စေတနာကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့်
မြတ်စွာဘုရားက "စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား
ဟောတယ်"လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင်
ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့
သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ ...
ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ
ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ "ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ"ဆိုတဲ့
လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။

ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ်
စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး
တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလို
ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့
စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို
ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။

စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့
ကမ္မသတ္တိလေးတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့
ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။
လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ
အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။

ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီး သွားတဲ့အခါ
သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး
ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း
ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး
ထပေါက်လာပါတယ်၊ အဓိကတော့ မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ
အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့်
မပေါက်နိုင်သေးပါဘူး။

အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို
စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့
ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။
သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့
ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်း
အကျိုးမပေးနိုင်သေးပါဘူး။

ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ-ဆိုတဲ့ ကုသိုလ်ဖြစ်အောင်
နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တ-ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း-စတဲ့
မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေးတာပါ။

ဒီလိုပါပဲ ... မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ
အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့
တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့
ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ
အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။ နှစ်ဘဝမြောက်၊
သုံးဘဝမြောက်၊ ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့
ဧကန်မုချပါ။

ဟာသများ

ဈေးရောင်းကောင်းသူ

စတိုးဆိုင်ကြီးတစ်ခုအတွင်းမှာ ချောချောမောမော လှလှပပ မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်နေပါတယ်.. အဲဒီမှာ အဆင်လှလှ ပိတ်စလေးတစ်စကို တွေ့လိုက်ရတော့ ၀ယ်ယူဖို့အတွက် အရောင်းကောင်ဆီမှာ “တစ်ကိုက်ကို ဘယ်လောက်လဲ” လို့ ဆိုင်ရှင်ကို ဈေးမေးလိုက်ပါတယ်.. ဆိုင်ပိုင်ရှင်က လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်ပါတယ်.. ဆိုင်ရှင်ကလည်း ချောချောလှလှ ကောင်မလေးကို ခပ်ပြုံးပြုံးနဲ့ “တစ်ကိုက်ကို အနမ်းတစ်ပွင့်ဘဲ ပေးပါ”  လို့ ပြန်ဖြေလိုက်ပါတယ်..  ဒီတော့ ကောင်မလေးကလည်း “အိုကေလေ ကောင်းတာပေါ့.. ဒီလိုဆို ကျွန်မ ဆယ်ကိုက်ယူမယ်” လို့ ပြောလိုက်ပါတယ်.. ဆိုင်ရှင်က အကွက်တော့ ၀င်ပြီဆိုပြီး ပြုံးရွှင်စွာနဲ့ မျှော်လင့်ချက်တွေပြည့်ပြီး အားရကျေနပ်တဲ့ မျက်နှာနဲ့ ပိတ်စ ဆယ်ကိုက်ကို အမြန်ဆုံး တိုင်းထွာလိုက်ပါတယ်..

ပီးနောက် အစကို ကပ်ကြေးနဲ့ ဖြတ်လိုက်ကာ အိတ်ကလေးတစ်ခုနဲ့ ထုပ်ပိုးပြီး ကောင်မလေးကို လှမ်းပေးလိုက်ပါတယ်.. ကောင်မလေးက အိတ်ကို လှမ်းယူလိုက်ပြီးနောက် မလှမ်းမကမ်းမှာ ရပ်စောင့်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို လက်ညိုးညွှန်လိုက်ကာ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေးနဲ့ ပြောလိုက်တာက “ကျသင့်တန်ဖိုးကို ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေးလိမ့်မယ် ” လို့ ပြောပြီး သူ့ရှေ့ကနေ ထွက်ခွာသွားပါတော့တယ်..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမှန်တရား

ဆမ် နဲ့ ဂျွန်တို့ဟာ  နေ့လည်စာ စားနားချိန်မှာ အစာစားရင်း စကားပြောနေကြပါတယ်.. ဆမ်က  “ ငါ ပိုက်ဆံကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူရှာလို့ရတယ်ဆိုတာ သိထားတယ် ” လို့ ဂျွန်ကို ပြောလိုက်ပါတယ်.. ဒီတော့ ဂျွန်က “ဘယ်လိုရှာရမလဲ.. ကျွန်တော့ကိုလည်း နည်းလမ်းလေး ဘာလေး ပေးပါဦး ” လို့ မေးလိုက်ပါတယ်.. ဒါနဲ့ ဆမ်က “အိမ်ရောက်ရင် မင်းအဖေဆီကိုသွား… ပြီးရင် အဖေ ကျွန်တော် အမှန်တွေ သိထားတယ်နော် လို့ ပြောလိုက်.. ဒါဆိုရင် မင်းအဖေက မင်းကို ပိုက်ဆံထုတ်ပေးလိမ့်မယ် ” လို့  ပြောပြပါတယ်..

ဂျွန်ဟာ အိမ်ကိုရောက်တဲ့အခါ သူ့အဖေဆီသွားပြီး “အဖေ.. အမှန်အတိုင်း  ကျွန်တော်သိတယ်နော် ” လို့ ပြောလိုက်ပါတယ်. ဒါနဲ့ သူ့အဖေက ဆယ်ဒေါ်လာတန် တစ်ရွက်ထုတ်ပေးပြီး သူသိထားတာတွေ ဘယ်သူ့ကိုမှ မပြောဖို့ ဂျွန့်ကို နှုတ်ပိတ်ပါတယ်.. ဂျွန်ဟာ ဒီနည်းကို အတော်သဘောကျသွားပါတယ်.. လွယ်လိုက်တဲ့ ပိုက်ဆံရှာနည်းပါလားလို့ စိတ်ထဲမှာ တွေးမိပြီး သူ့အမေဆီကို သွားပြန်ပါတယ်.. ပြီးတော့ သူ့အမေကို “ အမေ.. ကျွန်တော် အမှန်တွေ သိနေတယ်နော်”  လို့ ပြောပြန်ပါတယ်.. သူ့အမေကလည်း ဒေါ်လာ၂၀ကို ထုတ်ပေးပြီး သား.. မင်းသိထားတာတွေ မင်းအဖေ မသိစေနဲ့လို့ နှုတ်ပိတ်ပြန်ပါတယ်..

ဒေါ်လာ၃၀ရပြီး ပျော်နေတဲ့ ဂျွန်ဟာ ရတဲ့ပိုက်ဆံနဲ့ မုန့်ဝယ်စားဖို့ အိမ်အပြင်ကို ထွက်လာပါတယ်.. မုန့်တွေရောင်းတဲ့ ဆိုင်တွေဘက် အရောက်မှာ သူ့အိမ်ကို နွားနို့ပို့နေကျ လူကြီးကို တွေ့လိုက်ရပါတယ်.. ဒါနဲ့ ဂျွန်က ပိုက်ဆံထပ်ရအောင်ကြံဦးမှလို့ စိတ်ကူးပြီး နွားနို့ပို့တဲ့လူကို “ကျွန်တော် အမှန်အတိုင်းသိနေတယ်နော် ” လို့ ပြောလိုက်ပါတယ်..


ဒီတော့ နွားနို့ပို့တဲ့သူ ပြန်ပြောလိုက်တာက “ အော် မင်းက အမှန်အတိုင်းသိသွားပြီပေါ့.. ဒါဆိုလဲ မင်းအဖေအရင်းဖြစ်တဲ့ငါ့ကို လာပြီး ပွေ့ဖက်စမ်းပါကွာ” တဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမေရိကန် ပျော်ပွဲရွှင်ပွဲနေ့


တစ်ရက်မှာ အိုစမာဘင်လာဒင်ဟာ ရှေ့ဖြစ်ဟော ဆရာမကြီးတစ်ဦးကို သွားတွေ့ပြီး သူဘယ်နေ့ သေမလဲဆိုတာကို သိချင်တယ်လို့ မေးပါတယ်.. ဆရာမကြီးက ရှင်ဟာ အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့တစ်နေ့မှာ သေလိမ့်မယ်လို့ ပြန်ဖြေပါတယ်. ဒီတော့ ဘင်လာဒင်က ဘယ်ပျော်ပွဲရွှင်ပွဲနေ့များလဲ… အမေရိကန်မှာက ပျော်ပွဲရွှင်ပွဲနေ့တွေက သိပ်များတယ်လေ.. လို့ ပြန်မေးလိုက်တော့ ရှေ့ဖြစ်ဟော ဆရာမကြီးက “အိုး အဲဒါကကိစ္စမရှိပါဘူး.. ရှင်သာသေလို့ကတော့ အဲဒီနေ့ဟာ အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့ဖြစ်မှာ သေချာတယ် ” တဲ့။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အကြွေးဝယ်ကဒ်


လူတစ်ယောက်ဟာ သူရဲ့ အကြွေးဝယ်ကဒ် ကုမ္ပဏီကနေ ဖုန်းခေါ်တာကို လက်ခံရရှိပါတယ်.. ဖုန်းထဲမှာ သူ့ကိုပြောတာက “လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်မှာ ပုံမှန်မဟုတ်တဲ့နည်းနဲ့  ငွေသုံးထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်.. ဒါကြောင့် လူကြီးမင်းဆီ ကျွန်တော်တို့ဖုန်းဆက်တာပါ.. လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်ဟာ တစ်စုံတစ်ရာ ပြဿနာများ ရှိနေပါသလားခင်ဗျာ.. ” လို့ ပြောပါတယ်..


သူက “ဟုတ်ပါတယ်.. ကျွန်တော့် အကြွေးဝယ်ကဒ်ဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက အခိုးခံလိုက်ရပါတယ်..”  လို့ပြန်ဖြေပါတယ်.. ဒီတော့ အကြွေးကဒ် ကုမ္ပဏီက တာဝန်ရှိသူကလည်း “ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို အဲဒီကဒ် ပျောက်ပျောက်ခြင်း သတင်းမပို့တာလဲ ခင်ဗျာ” လို့ ပြန်မေးတော့သူက “ အကြွေးဝယ်ကဒ်က ကျွန်တော့်ဆီမှာ ရှိနေလို့ ကျွန်တော့်မိန်းမ သုံးဖြုန်းတာထက်စာရင် သူခိုးက အဲဒီကဒ်ကို ခိုးသွားပြီး သုံးပစ်တာက ကျွန်တော့်မိန်းမ သုံးတာထက် အများကြီး သက်သာပါသေးတယ်ဗျာ” လို့ ပြန်ဖြေလိုက်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှားသွားတဲ့ပန်းခြင်း

စီးပွားရေးလုပ်ငန်းသစ်တစ်ခု ဖွင့်လှစ်တဲ့ပွဲမှာ လုပ်ငန်းပိုင်ရှင်ဖြစ်သူဟာ သူ့ရဲ့ စီးပွားဖက် မိတ်ဆွေတွေထံကနေ ဂုဏ်ပြု ပန်းခြင်းတွေ လက်ခံရရှိပါတယ်.. ဒါပေမဲ့ ထူးထူးခြားခြား သူလက်ခံရရှိတဲ့ ပန်းခြင်းတစ်ခုကတော့ “ ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ” ဆိုတဲ့ အသုဘ အခမ်းအနားတွေမှာ ပေးပို့တဲ့ ပန်းခြင်းပေါ်က စာသားကို တွေ့လိုက်ရပါတယ်.. စိတ်ဆိုးသွားတဲ့ လုပ်ငန်းပိုင်ရှင်ဟာ ပန်းဆိုင်ကို ဖုန်းဆက်ပြီး ပန်းခြင်းပေါ်က စာကိစ္စကို သူမကျေနပ်ကြောင်း ဒီလို အမှားမျိုး မဖြစ်သင့်ကြောင်း ပြောဆိုပါတယ်…

တစ်ဖက်က ဖုန်းလက်ခံပြောဆိုတဲ့ ပန်းဆိုင်ရှင်ကလည်း “ ခုကိစ္စအတွက် ကျွန်တော်တို့ဘက်ကလည်း အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ.. ဒီနေ့ ကျွန်တော်တို့ဆိုင်ဟာ အသုဘတစ်ခုကို ပန်းခြင်းပို့ဖို့လည်း လက်ခံထားမိပါတယ်. ဒါကြောင့် ပန်းခြင်းမှားပြီး ပို့လိုက်တာ ဖြစ်ပါလိမ့်မယ်.. ဒါပေမဲ့ ခုလို စိတ်ဆိုး ဒေါသဖြစ်နေမဲ့အစား ခင်ဗျားနဲ့ ပန်းခြင်း မှားသွားတဲ့ အသုဘရှင်တွေ ဘက်ကလည်း ပြန်စဉ်းစားသင့်ပါတယ်.. ခင်ဗျားကိုပို့မဲ့ပန်းခြင်းကို မှားပြီး သူတို့ လက်ခံရရှိခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ နေရာအသစ်အတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ် ဆိုတဲ့ စာသားကြီးပါနေတဲ့ ပန်းခြင်းအတွက် သူတို့တွေ ဘယ်လိုများ နေမလဲဆိုတာ စဉ်းစားလိုက်မယ်ဆိုရင် ခု ခင်ဗျား ဖြစ်ရတဲ့ စိတ်ကသိကအောက်က အများကြီး တော်ဦးမှာပါဗျာ လို့ပြောလိုက်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~


ကျန်းမာသွယ်လျလှလှပ

 
http://www.missgreenlady.com/ မှကူးယူဖော်ပြပါသည်.... 
 လူတိုင်းဟာ ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားကျနတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ တကယ်လို့ သင်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တာထက် များနေပြီဆိုရင် အလှအပအတွက်ရော၊ ကျန်းမာရေးအရပါ ၀ိတ် လျော့ဖို့ လိုနေပါပြီ။ ကျန်းမာရေး သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်မှာ ပိန်တဲ့သူတွေထက် ၀တဲ့လူတွေဟာ ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများပြီး ၀သူတွေမှာ ဖြစ်နိုင်တဲ့ရောဂါ အမျိုးအစားဟာလည်း ပိုမိုများပြားတာကို တွေ့ရတာကြောင့် ကျန်းမာရေးအတွက် ၀ခြင်းဟာ လုံးဝကိုမကောင်းဘူးလို့ ဆိုပါတယ်.. ဒါပေမဲ့ အလွန်အကျွံ ပိန်တာမျိုးကျတော့လည်း မဖြစ်သင့်ပါဘူးနော်.. ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အချိုးအစားကို စနစ်တကျ ထိန်းသိမ်းတာဟာ မိမိရဲ့ကျန်းမာရေးကို စောင့်ရှောက်ရာရောက်သလို လှချင်သူများအတွက်လည်း အ၀မတိုးစေဘဲ မိမိနှစ်သက်ရာ အ၀တ်အစားကို လှလှပပလေး ၀တ်ဆင်လို့ ရပါတယ်။

လူတစ်ယောက်ဟာ ၀လာပြီဆိုရင် အ၀တ်အစား ရွေးရခက်လာသလို ရှိပြီးသားအ၀တ်တွေလဲ မတော်တော့တာမျိုး၊ လက်ရှိခေတ်ဒီဇိုင်းနဲ့လည်း လိုက်ဖက်မှု မရှိတော့တာမျိုး ဖြစ်လာနိုင်ပါတယ်.. ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အ၀တ်အစားတွေဟာ ၀တဲ့သူနဲ့ ဘယ်လိုမှ ကြည့်မကောင်းတတ်ပါဘူး.. ဗိုက်ခေါက်က အဆီပြင်ကြီးကြောင့် ကြည့်ရခက်သလို ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းတွေ၊ ခြေထောက်တွေကြောင့်လည်း အလှပျက်စေနိုင်ပါတယ်.. လှချင်လို့ တန်ဖိုးကြီးပေးဝယ်ထားပြီး ၀တ်ကာမှ အ၀တ်ကြောင့် အလှပျက်ရတာမျိုး ဖြစ်နိုင်ပါတယ်..  ဒီတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းမွန်တာမို့ လူတိုင်း မိမိရဲ့ ကိုယ်အလေးချိန် အချိုးအစားကို ထိန်းသိမ်းသင့်ကြပါတယ်နော်။

လူတစ်ယောက်မှာ စပြီးဝလာပြီးဆိုရင် ဗိုက်ခေါက်က အရင်ဆုံး ထွက်လာပါတယ်. မိမိဝမ်းဗိုက်ကို ဆွဲကြည့်ပါ။ အဆီပြင်က ထူနေပြီဆိုရင် သင် ၀နေပါပြီ။ သို့မဟုတ် ၀စပြုနေပါပြီ။ မိမိကိုယ်ကို ၀နေတယ်လို့ မသိသာ မထင်ရှားဘူးဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ တွက်ချက်ကြည့်ရင် ၀တယ် မ၀ဘူးဆိုတာ ဆုံးဖြတ်လို့ ရတဲ့နည်းလမ်း ရှိပါတယ်. ထိုနည်းကိုတော့ B.M.I (Body Mass Index) လို့ခေါ်ပါတယ်.. တွက်ရမဲ့ ပုံသေနည်းက BMI = [weight / (height x height)]  ဖြစ်ပါတယ်.. ဒါက ကိုယ်အလေးချိန်ကို ကီလိုဂရမ်နဲ့ အရပ်အမြင့်ကို မီတာဖြင့် တိုင်းတာသူများ တွက်တဲ့နည်းပါ။ ကျွန်မတို့ မြန်မာတွေက ကိုယ်အလေးချိန်ကို အများအားဖြင့် ပေါင်ချိန်နဲ့ အရပ်ကိုတော့ ပေ၊ လက်မ တို့ဖြင့် တိုင်းကြတာ များပါတယ်.. အလေးချိန်ကို ပေါင်နဲ့တိုင်းပြီး အရပ်အမြင့်ကို လက်မဖြင့် တိုင်းသူများကျတော့ BMI = [weight / (height x height)] x 703 ဆိုတဲ့ ပုံသေနည်းနဲ့ တွက်ချက်ရမှာ ဖြစ်ပါတယ်။

ဥပမာ လူတစ်ယောက်ဟာ အရပ် ၅ပေ ၂လက်မ ရှိပြီး ပေါင်ချိန် ၁၄၀ ရှိနေသူ ဖြစ်ခဲ့ရင် သူရဲ့ BMI ကို တွက်ချက်ကြည့်တဲ့အခါ BMI = [၁၄၀ပေါင် / (၆၂ လက်မ  x ၆၂လက်မ)] x ၇၀၃ လို့ တွက်ရမှာ ဖြစ်တာကြောင့် အဖြေက ၂၅.၆၀ ရပါတယ်.. ၂၅ထက် ကျော်နေပြီဆိုရင်တော့ သင့်အရပ်နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်နေပြီ လို့ တွက်ဆလို့ ရပါတယ်..  ၁၉ကနေ ၂၅အောက်ရှိသူဟာ ပုံမှန်အလေးချိန်လို့ တွက်ဆရပြီး ၂၅ကနေ ၂၉.၉ အတွင်းကိုတော့ ၀နေသူလို့ သတ်မှတ်ပါတယ်.. ၃၀ထက်ကျော်နေရင်တော့ တော်တော်လေးကို ၀နေပါပြီ။ BMI ရလာဒ်များလေ ရောဂါ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ ပိုများလေလို့ ဆိုပါတယ်.. အ၀လွန်သူများမှာ သွေးတိုး၊ ဆီးချို၊ နှလုံး လေးဘက်နာ၊ သွေးကြောပိတ်၊ အသည်းအဆီဖုံး ၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါများ ဖြစ်ဖို့ ဖြစ်နိုင်ခြေ အလွန်များပါတယ်… BMI ကို (ဒီနေရာမှာ )  အလွယ်တကူ တွက်ချက်ကြည့်လို့ရပါတယ်..

ဗိုက်ခေါက်က အဆီပြင် မရှိမှ သွယ်လျကြော့ရှင်းတဲ့ ခန္ဓာကိုယ်ဖြစ်ပါလိမ့်မယ်..အဆီမရှိ ပြားချပ်တဲ့ ၀မ်းဗိုက်ကလေး ရဖို့နဲ့၊ မ၀အောင် ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ.. နည်းလမ်းတွေတော့ ရှိပါတယ်.. လုပ်ဖြစ်ဖို့သာ လိုတာပါ။ အလုပ်တစ်ခုဟာ မလုပ်ခင်မှာ စပြီးလုပ်ဖို့ ခက်ခဲတတ်ပေမဲ့ တကယ်တမ်း စိတ်ကို ဆုံးဖြတ်ပြီး လုပ်တဲ့အခါ လွယ်ကူသွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိဖို့နဲ့ ဆုံးဖြတ်ချက်ချပြီးရင်လည်း ထိန်းသိမ်းဖို့  လိုပါတယ်.. ကိုယ်အလေးချိန် လျှော့တော့မယ်ဆိုရင် မရှိမဖြစ် ပစ္စည်းတစ်ခုက ပေါင်ချိန်စက် ဖြစ်ပါတယ်.. သို့မှသာ မိမိတိုးတက်မှုကို ကိုယ်တိုင်မြင်တွေ့ရပြီး အစားလျော့တာ၊ လေ့ကျင့်ခန်းလုပ်တာ ထိရောက်မှု ရှိမရှိ အခြေအနေကို မျက်ခြေမပြတ် သိရှိနိုင်မှာ ဖြစ်ပါတယ်.. ပြီးတော့လဲ ကိုယ်အလေးချိန် လျှော့တဲ့နေရာမှာ စစချင်း အလေးချိန်ထက် တဖြေးဖြေး လျော့နည်းလာတဲ့ မိမိရဲ့ ကိုယ်အလေးချိန်ကို သိနေ မြင်တွေ့နေမှသာ ဆက်ပြီးလုပ်ဖို့ အားကြိုးမာန်တက် စိတ်ပါမှာဖြစ်ပါတယ်.. ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းဖို့ နည်းလမ်းအချို့ကို ဖော်ပြရမယ်ဆိုရင်

၁. လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း( Jogging) ကို တစ်ပတ်လျှင် ၃ကြိမ် တစ်ကြိမ်လျှင် မိနစ် ၃၀ အနည်းဆုံး ပြုလုပ်ပေးပါ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သင့် ခန္ဓာကိုယ်တွင်းရှိ အဆီများကို ချေဖျက်ပေး နိုင်ပါတယ်။ နေ့စဉ် လမ်းလျှောက်နိုင်လျှင် ပိုကောင်းပါတယ်။ ပုံမှန်အလုပ်သွား၊ အလုပ်ပြန် မြန်မြန် လမ်းလျောက်ပါ။ အထပ်မြင့် ရုံးသမားများ ဓာတ်လှေခါး သုံးခြင်းထက် ရိုးရိုးလှေခါးမှ တက်ခြင်း သည်လည်း လေ့ကျင့်ခန်းလုပ်ခြင်း ဖြစ်ပါတယ်။



၂. မနက်ခင်းတိုင်း အယ်လ်မွန်စေ့ လက်တစ်ဆုပ် ( ၆ စေ့ခန့်)  ကို စားသုံးပေးပါ။ အယ်လ်မွန်စေ့ဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော အစေ့ အဆံ တစ်မျိုးဖြစ်ပါတယ်.. ၄င်းမှာ ပါဝင်တဲ့ ပရိုတိန်းဟာ အဆီများကို ချေဖျက်ရာမှာ ကောင်းမွန်စေပါတယ်..မြန်မာပြည်တွင် အယ်လ်မွန်စေ့ ရရန် ခက်ခဲပါက  နေကြာစေ့ ဆားမပါပဲ လှော်တာ စားနိုင်ပါတယ်လို့ ဆိုပါတယ်...



၃. ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံး ၃ကြိမ်ခန့် လုပ်နိုင်အောင် ကြိုးစားပါ။ မိမိဖာသာ မလုပ်တတ်ပါက လေ့ကျင့်ခန်း သရုပ်ပြ ဗီစီဒီခွေများ ၀ယ်ကာ အိမ်တွင် လုပ်ကြည့်ပါ။  ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားစေသော အလုပ်များကို များများ လုပ်ကိုင် ပေးပါ။ ဥပမာ (တံမြက်စည်းလှည်း၊ ကြမ်းတိုက်)


၎. အမျှင်ဓာတ်ပါသော အစားအစာ များများစားပါ။ ပေါင်မုန့်အဖြူ၊ ဂျုံနှင့်လုပ်သော ခေါက်ဆွဲ၊ အာလူး၊ ဆန်ဖြူတို့ကို များများစားခြင်းကို ဆင်ခြင်ပါ။ ဆန်ကြမ်း၊ ပေါင်မုန့်ကြမ်း၊ သစ်သီး၊ စိမ်းစိုသော အရွက်များနှင့် လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များကို များများစားပါ။ မနက်စာကို များများ စားနိုင်ပါသည်။ သွေးတိုးသမားများ အုန်းနို့ကို ဆင်ခြင်ပါ။ နေ့လည်စာတွင် အဆီကိုလျော့စားပါ။ ဆီပြန်ဟင်းကို တစ်ပတ်လျင် ၃ကြိမ်သာ အများဆုံးသာ စားပါ။ ဟင်း၃ခွက်တွင် ၁ခွက်ကိုဆီမပါ အချိုမှုန့်မပါစေရန် ချက်ပါ။ ဆန်ကို အလျားရှည်သော (ဆန်ကြမ်း)စားပါ။ လက်ဖက်ရည် (ရေနွေးကြမ်းသောက်ပါ)။ နေ့လည်နှင့် ညနေစာကြား ရုံးပြန်ချိန်များတွင် ဝက်သားဒုတ်ထိုး၊ ကြာဆံကြော်၊ ကော်ပြန့်စိမ်း၊ ခေါက်ဆွဲကြော်၊ ဆီများသည့်အကြော်များ မကြာခဏ စားမည့်အစား ဆီနည်းသည့် အသုပ်များကို စားပါ။ လက်ဖက်သုပ်ကို အမြဲစားခြင်း၊ ဘီယာ အမြဲသောက်ခြင်းသည် ကျန်းမာရေးနှင့် မသင့်တော်ပါ။  


၅. ရိုးရိုး နွားနို့အစား အဆီထုတ်ထားသော နို့ကို သောက်သုံးပါ။ အဆီပါသောငါးကို တစ်ပတ်လျှင်တစ်ကြိမ်မျှ စားသုံးရန်နှင့် အချိုများသော အစားအစာနှင့် အဆီများသော (ဝက်ခေါက်ကြော်၊ အာလူးကြော်) စသော အစားအစာများ လျော့စားပါ။ ညစာကို အကင်များ၊ အကြော်အလှော်ဆိုင်များတွင် စားခြင်းထက် မိမိအိမ်တွင်သာ ကျန်းမာရေးနှင့် ညီညွှတ်သော ဟင်းလျာများကို ချက်ပြုတ် စားသောက်ပါ။ ညစာကို အသား၊ ပဲ၊ အာလူး အနည်းငယ်ကို စားနိုင်ပါတယ်.. ထမင်းကို ၀အောင် စားခြင်းထက် ထမင်းစားပြီးပါက သီးနံများဖြင့် အချိုတည်း၍ ဗိုက်ပြည့်စေခြင်းက ပို၍ ကောင်းမွန်စေပါတယ်။ ထန်းလျက်၊ ကြံသကာ အချိုတည်းနိုင်သော်လည်း  မလိုင်၊ ကိတ်မုန့်၊ ခရင်မ် စသည့် ဆိမ့်ပြီး အဆီများသော အရာများဖြင့် အချိုမတည်းသင့်ပါ။ ညစာစားပြီး အရက်သောက်ခြင်း မပြုသင့်ပါ။

၆. ၀မ်းဗိုက်မှ အဆီပြင်များ လျော့ပါးစေရန် အိပ် ထ မ တင် လေ့ကျင့်ခန်းကို တစ်ပတ် သုံးကြိမ် ကြိုးစားလုပ်ပါ။

၇.ရေများများ သောက်ပါ။ တစ်ရက်လျှင် ရေဖန်ခွက် ၆ခွက်မှ ၈ခွက်ထိ သောက်ပါ။ ရေများများသောက်ခြင်းသည် အစားများများစားခြင်းကို ကာကွယ်ပေးနိုင်သလို အစာချေခြင်းကိုလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။




၈.ညအိပ်ရာဝင်ချိန် မတိုင်မှီ ၃နာရီအတွင်း အစားစား ခြင်းကို ရှောင်ကျဉ်ပါ။ မနေနိုင်လောက်အောင် ဆာလောင်ပါက ဟင်းသီးဟင်းရွက် အနည်းငယ်၊ သစ်သီး အနည်းငယ်ကိုသာ စားသောက်ပါ။ ညစာလျော့စားခြင်းသည် ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းခြင်းအတွက် ကြီးမားသော အကျိုးကို ဖြစ်စေနိုင်ပါတယ်။ ညဉ့်နက်အောင် နေတတ်သူများ မအိပ်ခင် ဗိုက်ဆာတတ်လျှင် နွားနို့၊ ကွေကာအုပ်၊ သောက်နိုင်ပါတယ်။

၉.အလွန်ဆာသော အခါမှ တစ်ဝတစ်ပြဲ စားခြင်းထက် တစ်ခါစားလျှင် နည်းနည်းစီ အကြိမ်များများ စားသောအကျင့်ကို မွေးမြူပါ။ တစ်ကြိမ်တည်း အစားများများ စားခြင်းသည် အစာချေဖျက်ခြင်းကို ခက်ခဲစေနိုင်ပါတယ်။

၁၀.အစာစားနေစဉ် ခဏနား၍ အချိန်အနည်းငယ်ကြာမှာ ပြန် စားသောက်ခြင်းသည် အစားကို များများ စားမိစေခြင်းမှ ရှောင်ရှားရာ ရောက်သည်။ သင်၏ စားသောက်ခြင်းအလေ့အထကို ထိန်းသိမ်းခြင်းသည် သင်၏ ကိုယ်ခန္ဓာကို ဂရုစိုက် စောင့်ရှောက်ခြင်း ဖြစ်သလို ကျန်းမာရေးကို ဂရုစိုက်ခြင်းလည်း ဖြစ်ပါတယ်။




အထက်ပါအချက်တွေကို လုပ်ဆောင်ရာမှာ ပထမဦးဆုံးအနေနဲ့တော့ အခက်အခဲ တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်.. သို့သော်လည်း ဖြေးဖြေးမှန်မှန် အောင်ပွဲခံဆိုသော ဆိုရိုးစကားနဲ့အညီ  အစလုပ်ဖြစ်အောင် ကြိုးစားကြည့်ပါ။ အစပိုင်းမှာ နာကျင်ပင်ပန်းမယ်.. ခက်ခဲမယ် သို့သော် ဇွဲမလျော့ဖို့ လိုပါတယ်.. လေ့ကျင့်ခန်းလုပ်ရာမှာလည်း တစ်ရက်ကို အကြိမ်အရေအတွက် နည်းနည်းနဲ့ စတင်ကြည့်ပါ။ လုပ်နိုင်လာပြီဆိုမှ အကြိမ်ရေ ထပ်တိုးပြီး လုပ်သွားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းဖို့နဲ့ ၀ိတ်လျော့ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်.. အစား အသောက်လျော့ပေမဲ့ လေ့ကျင့်ခန်းနဲ့ တွဲမလုပ်ရင် ၀ိတ်ချတာ ကြာပါတယ်.. လေ့ကျင့်ခန်းဟာ အမြန်ဆုံး ၀ိတ်လျှော့စေတဲ့ နည်းဖြစ်ပါတယ်. အဆီပိုမရှိတဲ့ ၀မ်းဗိုက်ချပ်ချပ် ခါးသွယ်သွယ်လေးမှာ ၀တ်ချင်တဲ့အ၀တ်အစားလေးကို မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ၀တ်ဆင်ဖို့ရာမှာ နည်းနည်းတော့ အပင်ပန်းခံဖို့ လိုပါတယ်.. အပင်ပန်းခံပြီး အစားအသောက်လျော့၊ လေ့ကျင့်ခန်းလုပ်လိုက်လို့ ရရှိလာတဲ့ ရလဒ်ဟာ ဘယ်လောက် ကြည်နူးဖို့ ကောင်းတယ်ဆိုတာ ကိုယ်တွေ့ ခံစားကြည့်တဲ့အခါ သိသာပါလိမ့်မယ်..

အမျိုးသမီးတွေဟာ အသက်၃၀ကျော်လာရင် ၀ဖို့လွယ်ကူလာပါပြီ။ ဒါကြောင့် “တို့ကတော့ အသက်ကြီးပြီ လှဖို့မလိုတော့ဘူး” လို့ ဆင်ခြေမပေးဘဲ ၀ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ် မသင့်တော်တာမို့ ၀ိတ်ချတာဟာ ကျန်းမာရေးကို ဂရုစိုက်တာ၊ ထိန်းသိမ်းစောင့်ရှောက်တာလို့ သိထားသင့်ပါတယ်. ၀ပြီးတဲ့ လူတစ်ယောက်ဟာ ၀ိတ် ချဖို့ အရမ်းကို ခက်ခဲပြီး ပင်ပန်းစွာနဲ့ အချိန်ကြာကြာ ချရပါတယ်.. များများဝလေ များများ ပင်ပန်းလေ ဖြစ်ပါတယ်. ဒါကြောင့် မိမိကိုယ်ကို စပြီး ၀နေပြီလို့ ထင်တဲ့အချိန်မှာ အမြန်ဆုံး သတိလေးထားပြီး ၀ိတ် ချဖို့ တိုက်တွန်းချင်ပါတယ်.. သိပ်ဝသွားချိန်မှ ချမယ်ဆိုရင် နောက်မကျပေမဲ့လည်း ခက်ခဲပြီး ပင်ပန်းလွန်းတာကြောင့် “မပိန်ချင်လည်း နေပါစေတော့ ဒီတိုင်းနေတော့မယ်” ဆိုတဲ့ လက်လျော့တဲ့ စိတ်မျိုး ဖြစ်သွားနိုင်ပါတယ်.. ဒါကြောင့်လည်း မ၀သေးတဲ့သူတွေက ဆက်ပြီး မ၀လာဖို့၊ မိမိရဲ့ ရှိရင်းစွဲ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစားအသောက် ဆင်ခြင်စားသောက်ပြီး၊ ၀စ ပြုလာသူများက အစားလျော့စား၊ လေ့ကျင့်ခန်းများ ပြုလုပ်သွားကြဖို့ တိုက်တွန်း ပါရစေလားနော်။

စာအမြဲလာဖတ်တဲ့ ညီမလေးတစ်ယောက်က ၀ိတ် လျော့တဲ့ အကြောင်း ပိုစ့်လေးတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုထားတာ ကြာပါပြီ။ အကြောင်း မတိုက်ဆိုင်တာကြောင့်ရော၊ ဒီခေါင်းစဉ်ဘက် ခြေဦးမလှည့်ဖြစ်သေးတာကြောင့်ပါ ရေးဖို့ ကြန့်ကြာနေခဲ့တဲ့အတွက် ခွင့်လွှတ်ဖို့ ပြောချင်ပါတယ်.. ဒီပိုစ့်လေးကိုတော့ အတွေ့အကြုံ တစ်ချို့နဲ့အတူ ဖတ်ထားတဲ့ စာတွေထဲကနေ ကိုယ်တိုင်လည်း သတိထားဆင်ခြင်ဖို့၊ ၀ိတ် လျှော့ချင်တဲ့ ညီမလေးနဲ့ ၀ိတ် လျှော့လိုသော သူများအတွက်ပါ ရည်ရွယ် ရေးသားပါတယရှင်.. ညီမလေးနဲ့ အားလုံးသော သူများလည်း လှလှပပ ကျန်းကျန်းမာမာ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်..
http://www.missgreenlady.com/ မှကူးယူဖော်ပြပါသည်....

[MV] รักนะคะ - บี้ The Star